Thursday, August 2, 2018

ဂိုးသမား ဆီလက်ဆန်၏ နေရာတွင် အစားထိုးရန် လီဗာပူးဂိုးသမားမစ်ဂ်နိုလက်ကို ဘာစီလိုနာအသင်း ခေါ်ယူမည်

Image may contain: 1 person
ဘာစီလိုနာအသင်းသည် ယခု အပြောင်းအရွှေ့ကာလတွင် လီဗာပူး ဂိုးသမား မစ်ဂ်နိုလက်အား ပြောင်း ရွှေ့ကြေးပေါင် ၁၂ ဒသမ ၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
လာလီဂါထိပ်တန်းကလပ် ဘာစီ လိုနာအသင်းသည် အသင်း၏ နံပါတ် နှစ် ဂိုးသမားဖြစ်သည့် ဆီလက်ဆန် ၏ နေရာတွင် အစားထိုးရန်အတွက် လီဗာပူးအသင်းဂိုးသမား မစ်ဂ်နိုလက် ကို ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဂိုးသမား မစ်ဂ်နိုလက်သည် ၂ဝ၁၃ ခုနှစ်က ဆန်းဒါးလန်းအသင်း မှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့လာ ခဲ့သူဖြစ်သည်။
လက်ရှိတွင် လီဗာပူးအသင်းက ရိုးမားအသင်းမှ ဂိုးသမား အဲလစ်ဆင် အား ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း ဖြင့် ခေါ်ယူခဲ့သဖြင့် ဘယ်လ်ဂျီယံ ဂိုးသမား မစ်ဂ်နိုလက်သည် လီဗာပူးမှ ထွက်ခွာရန် အကြောင်းဖန်လာခဲ့ပြီ ဖြစ်သည်။
နယ်သာလန်ဂိုးသမား ဆီလက် ဆန်သည် ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစား ရန် ချိတ်ဆက်မှုများပြုလုပ်ခဲ့သူဖြစ် သည်။ ထို့ကြောင့် ဘာစီလိုနာအသင်း က လီဗာပူးဂိုးသမား မစ်ဂ်နိုလက် အား ၎င်းနေရာတွင် အစားထိုးရန် ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ငွေကြယ်

No comments:

Post a Comment