Thursday, August 30, 2018

ရန်ကုန်-မန္တလေးရထားလမ်း ဆွာဘူတာနှင့်ဆွာချောင်းတံတားအကြားပြတ်ပါသွားပြီး ရေများဖြတ်ကျော် နေဆဲဖြစ်

Image may contain: sky, plant, outdoor, nature and water
ရေတာရှည် သြဂုတ် ၃ဝ
ဆွာချောင်းတမံ ပင်မရေပိုလွှဲကွန်ကရစ်နံရံကျိုးပဲ့ခဲ့မှုကြောင့် ဆည်ရေများအလုံးအရင်းဖြင့် အောက်ပိုင်းဒေသများသို့စီးဆင်းခဲ့ရာ ဆွာမြို့တောင်ဘက်အထွက်မှဆွာချောင်းတံတားအကြား အရှည်(၂) ဖာလုံခန့်ရှိ ရန်ကုန်-မန္တလေးရထားလမ်းအစုန်-အဆန်လမ်းပိုင်းနှစ်ခုလုံး ရေအားကြောင့် ရွေ့ပါသွားခဲ့ပြီး အောက်ခံမြေသားများပါတိုက်စားသွားခဲ့သည့်အတွက် ရထားခရီးစဉ်များပိတ်ထားရကြောင်း မီးရထား တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
''လောလောဆယ် အုတ်တွင်းမြို့နယ် ခပေါင်းဘက်မှာလဲ ရထား လမ်းရေကျော်ထားတဲ့ကွေ့နေရာကိုအရင်လုပ်နေရတယ် ဒီရထားလမ်းပိုင်းကပိတ်လိုက်ပြီ တောင်ငူနဲ့ ရန်ကုန် ရထားတွေသွားလာနိုင်အောင်လို့ပါ ဒီဘက်ကတော့ရေပြန်ကျအောင်စောင့်ရဦးမှာ အနောက် ဘက်ကအဆန်လမ်းပိုင်းကိုအရင်ဆုံး ရထားသွားနိုင်အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ် ဒီဘက်အစုန်လမ်းပိုင်းကျတော့ အောက်ခံမြေသားတွေပြန်ဖို့ရမယ့် လုပ်ငန်းတွေ ပါလာတော့ စက်ယန္တယား တွေဝင်နိုင်ဖို့ ရေပြန်ကျအောင်စောင့်ရမှာနဲ့ဆိုရင် တစ်လလောက်ကြာ မြင့်နိုင်တယ်''ဟု ၄င်းကဆက်လက်ပြောကြားသည်။
လတ်တလော ရန်ကုန်-မန္တလေးသို့ခရီး သွားလိုသူများသည် အမြန်လမ်းပိုင်းတစ်ခုတည်းသာသွားလာနိုင်သေးပြီး ယနေ့ညနေပိုင်း လမ်းဟောင်း ဘက်ရှိ ကျိုးပြတ်သွားသော တံတားအား ယာယီသွားလာနိုင်ရန် ဆောင်ရွက်နိုင်ပါက ရေတာရှည်မြို့နှင့် ဆွာမြို့တို့တွင်ပိတ်မိနေသော ကုန်တင်ယာဉ်စီးရေ(၅ဝဝ)ခန့် စတင်ထွက်ခွာနိုင်ကြမည်ဖြစ်သည်။

ကိုလွင်(ဆွာ)

No comments:

Post a Comment