Friday, August 31, 2018

ယာယီရပ်နားခဲ့ရသော ရန်ကုန်-ပုဂံ အမြန်ရထားတွဲဆိုင်းများ ပုံမှန်ပြန်လည်ပြေးဆွဲ

Image may contain: train and outdoor
ရန်ကုန် သြဂုတ် ၃ဝ
မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ရထားလမ်းပိုင်းအချို့ ရေကျော် ခဲ့ပြီး အမှတ် ၆၁ အဆန်၊ ရန်ကုန်-ပုဂံ အမြန်ရထားနှင့် အမှတ် ၆၂ အစုန် ပုဂံ-ရန်ကုန် အမြန်ရထားတွဲဆိုင်းကို သြဂုတ် ၂၉ ရက်တွင် တစ်ရက်တာ ယာယီရပ်နား ခဲ့ရာ အဆိုပါ အစုန်၊ အဆန်ရထားတွဲဆိုင်း များကို ယနေ့မှစ၍ ပုံမှန် ပြန်လည်ပြေးဆွဲ ပေးနေပြီဖြစ်ကြောင်းနှင့် ရထားစီးခရီးသည် များအနေဖြင့် ပုံမှန်အတိုင်း လက်မှတ် ဝယ်ယူစီးနင်းနိုင်ကြပြီဖြစ်ကြောင်း မြန်မာ့ မီးရထားမှ ယနေ့ထုတ်ပြန်ချက်အရ သိရ သည်။
သြဂုတ် ၂၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ သော ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝ ကျေးရွာအုပ်စုရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ဘဲနှုတ်သီးကျိုးပဲ့ကာ ရေကြီးရေလျှံမှုများဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ကုန်းကြီးဘူတာနှင့် ဆွာ ဘူတာကြား၌ ရထားလမ်းပိုင်းပေါ်သို့ ရေကျော်မှုများ ဖြစ်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉ဝ/၁၈-၂၄ကြား၌ တာပေါင် ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ကြောင်း၊ ရန်ကုန်-ပုဂံလမ်းပိုင်းရှိ လှေဝန်း- ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂ဝ ကြားတွင် လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်း ပေါ်သဲမြေများ ဖုံးလွှမ်းသွားခဲ့သဖြင့် လမ်းပိတ်ခဲ့ရပြီး သြဂုတ် ၂၉ ရက်ပြေးဆွဲပေးမည့် အမှတ် ၆၁ အဆန် ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ် ၆၂ အစုန် ပုဂံ- ရန်ကုန် အမြန်ရထားတွဲဆိုင်းကို ယာယီရပ်နားထားခဲ့ ရကာ ရထားလက်မှတ်ဝယ်ယူထားကြသည့် ရထားစီး ခရီးသည်များအား ရထားစီးလက်မှတ်ခငွေများ ပြန်အမ်း ပေးခဲ့ရကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက်ပိုင်းက ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်မှ နံရံပြိုကျကာ ဆွာချောင်း တစ်လျှောက် ရေများအလုံးအရင်းဖြင့် စီးဆင်းလာခဲ့၍ ရထားလမ်း ရေကျော်မှုဖြစ်ပွားခဲ့ပြီး လမ်းပိုင်းပိတ်သွားခဲ့ သဖြင့် ရန်ကုန်ဘူတာကြီးမှ မန္တလေးဘူတာသို့ ထွက်ခွာ မည့် အမှတ် ၅ အဆန်အမြန်ရထားနှင့် အမှတ် ၃ အဆန် အမြန်ရထားတွဲဆိုင်း၊ နေပြည်တော်သို့ ထွက်ခွာမည့် အမှတ် ၇ အဆန် အမြန်ရထားတွဲဆိုင်းများကို ယာယီရပ်နားထားခဲ့ရကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရ သဖြင့် သြဂုတ် ၂၉ ရက်ခရီးစဉ်ဖြင့် လက်မှတ်ဝယ်ယူ ထားကြသည့် ရထားစီးခရီးသည်များအား ရထားစီး လက်မှတ်ခငွေများ ပြန်အမ်းပေးခဲ့ကြောင်း မြန်မာ့မီးရထား မှ သိရသည်။
ထို့အပြင် မန္တလေးဘူတာမှ ထွက်ခွာမည့် အမှတ် ၆ အစုန်၊ အမှတ် ၄ အစုန်အမြန်ရထားတွဲဆိုင်းများနှင့် နေပြည်တော်ဘူတာမှ ထွက်ခွာမည့် အမှတ် ၈ အစုန် အမြန်ရထားတွဲဆိုင်း၊ သာစည်ဘူတာမှ ထွက်ခွာမည့် အမှတ် ၁ဝ အစုန်ရထားတွဲဆိုင်းများကို ယခုအခါ ယာယီရပ်နားထားပြီး ရထားလမ်းရေကျော်လမ်းပိတ်နေ သည့် နေရာများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရုံးချုပ်အဆင့် ဌာနအကြီး အကဲများ၏ ဦးဆောင်မှုဖြင့် ရထားလမ်းပိုင်းအမြန် ဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့မီးရထား တာဝန်ရှိသူများက ရထားလမ်းအမြန်ပြန်ဖွင့်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲ နိုင်မည့်အခြေအနေအား ခရီးသွားပြည်သူများသို့ အချိန် နှင့်တစ်ပြေးညီ အသိပေးကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ ယနေ့ထုတ်ပြန်ချက်အရ သိရ သည်။
သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်

No comments:

Post a Comment