Wednesday, August 1, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် သြစတြေးလျနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် သြစတြေးလျနိုင်ငံ သံအမတ်ကြီးH. E. Mr. Nicholas Coppel အား ယနေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
တွေ့ဆုံစဉ် သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံအတွက် ပညာသင်ဆုပေးနေသည့် အစီအစဉ် များနှင့် အဆိုပါ အစီအစဉ်များအား ပြည်သူများ ပိုမိုသိရှိနိုင်ရေးအတွက်Information Program ဆောင်ရွက်မည့် အခြေအနေများ၊ ဒီမိုကရေစီစနစ်တွင် မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စာနယ်ဇင်းသမားများ၏ လုံခြုံရေး(Safety of Journalists) အရေးကြီးမှု၊ လူမှုမီဒီယာများတွင် အမုန်းစကားများ ရေးသားဖြန့်ဝေပြောဆိုနေမှုများအပါအဝင် ပုံနှိပ်နှင့် ရုပ်သံလွှင့်မီဒီယာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment