Wednesday, August 29, 2018

ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: one or more people and crowd
နေပြည်တော် သြဂုတ် ၂၈
ကမ္ဘာ့မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပသည်။
နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများအဖြစ် သြဂုတ်လအတွင်း ဆောင်ရွက်လျက်ရှိရာ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းဆိုင်ရာ လှုပ်ရှားမှုများ၊ ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာလှုပ်ရှားမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ လှုပ်ရှားမှုများနှင့် အိုင်အိုဒင်းချို့တဲ့ရောဂါ ပပျောက်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက ၂ဝ၁၈ ခုနှစ် ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းနှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က စံပြမိခင်ဆုများရရှိကြသော မိခင်များအားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူ များက ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြဘုတ်များနှင့် အာဟာရအုပ်စုများကို ကြည့်ရှုကြပြီး ကလေးငယ်များအား ဗီတာမင်အေဆေး တိုက်ကျွေးခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
ချစ်ကိုကို(ဇမ္ဗူသီရိ)

No comments:

Post a Comment