Wednesday, August 29, 2018

ပြည်နယ်ဝန်ကြီးများ ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ရှိ လုပ်ငန်းများ သွားရောက်စစ်ဆေး

Image may contain: 1 person, standing
မိုင်းရယ် သြဂုတ် ၂၈
ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် သြဂုတ် ၂၃ ရက်မှ ၂၅ အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ လုပ်ငန်းဆောင်ရွက်နေမှုများ စစ်ဆေးရန် လာရောက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် နားဝရေလှောင်တမံသို့ သြဂုတ် ၂၅ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းခင်သန်းက မိုင်းရယ်မြို့နယ် သောက်သုံးရေဖူလုံစေရေးအတွက် နားဝရေလှောင်တမံမှ နားဝကျေးရွာနှင့် မိုင်းရယ်မြို့သို့ ပိုက်လိုင်းများသွယ်တန်းထားရှိမှု
အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ပင်မတမံတွင် ဘူမိဗေဒဆိုင်ရာ ဘိလပ်မြေသရွတ်မှုတ်သွင်းခြင်း၊ ရေပိုလွှဲတည်ဆောက်ခြင်း၊ ရေထုတ်ပြွန်တည်ဆောက်ခြင်းနှင့် ကုန်းကြောတမံမြေဖို့ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment