Thursday, August 2, 2018

တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ထပ်မံတိုးမြှင့်ရန် အမေရိကန်လုပ်ဆောင်ဖွယ်ရှိ

Image may contain: 1 person, suit
ဝါရှင်တန် သြဂုတ် ၁
အမေရိကန်ဒေါ်လာ ဘီလီယံ ၂ဝဝ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများပေါ်တွင် သွင်းကုန်ခွန် (ကုန်သွယ်စည်းကြပ်ခွန်) ၂၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံရေးကိစ္စကို သမ္မတဒေါ်နယ်ထရန့်က စဉ်းစားသုံးသပ်လျက်ရှိကြောင်း မီဒီယာများ ၏ရေးသားဖော်ပြချက်များအရ သိရသည်။
အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ တရုတ်ထုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ယူရန် ဆုံးဖြတ်ခဲ့ပြီးနောက် နောက်ထပ်ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် စည်းကြပ်မှုမြှင့်တင်ရန်လည်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူများက ဝါရှင်တန်ပို့စ်သတင်းစာနှင့် ဘလွမ်းဘတ် သတင်းဌာနတို့သို့ ပြောကြားကြသည်။
ကနဦးတွင် ဒေါ်လာဘီလီယံ ၂ဝဝ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ် သွင်းကုန်ခွန် ၁ဝ ရာခိုင်နှုန်း စည်းကြပ်မည်ဟု သမ္မတထရန့်က ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေမှုကို ဖော်ကျူးသောလုပ်ဆောင်ချက်အဖြစ် သတင်းဌာနများက ရေးသားဖော်ပြကြသည်။
သို့ရာတွင် ဈေးကွက်များမှာ တည်ငြိမ်နေဆဲဖြစ်သဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအနေဖြင့် ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်မည့် အလားအလာရှိနေကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင်၂ဝ၁၇ ခုနှစ် အခြေပြစာရင်းအရ ဒေါ်လာ ၃၇၆ ဘီလီယံကုန်သွယ်ရေး လိုငွေပြခဲ့သည်။
အေအက်ဖ်ပီ

No comments:

Post a Comment