Thursday, August 2, 2018

ရေဘေးသင့်ပြည်သူများအား ကူညီလှူဒါန်းနိုင်ရေး လိုက်လံနှိုးဆော်

Image may contain: one or more people, sky and outdoor
သထုံ သြဂုတ် ၁
မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေရာ ဘေးဒုက္ခ ရောက်နေသူများအား ထိရောက်သောကူညီလှူဒါန်းမှုများ ပြုလုပ်နိုင်ရေးအတွက် မြို့နယ် ရေဘေးကယ်ဆယ်ရေးကြီးကြပ်ကွပ်ကဲမှုရုံး၏ အစီအစဉ်ဖြင့် သြဂုတ် ၁ ရက် မွန်းလွဲပိုင်းမှ စတင်ကာ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့မ ၅ ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်များဖြင့် လိုက်လံနှိုးဆော်ခဲ့ကြသည်။
မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဘီးလင်းမြစ်နှင့် ဒုံသမိချောင်းရေတို့ မြင့်တက်ကာ သထုံမြို့နယ်အတွင်းရှိ အဆိုပါမြစ်၊ ချောင်းနံဘေးတစ်လျှောက်ရှိ ကျေးရွာများ ရေကြီးနစ်မြုပ်နေသဖြင့် ထိရောက်သောရေဘေးကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် မြို့နယ်ရေဘေးကယ်ဆယ်ရေးကြီးကြပ်ကွပ်ကဲမှုရုံးကို ခရိုင် မီးသတ်ဦးစီးဌာနရုံးနေရာ၌ ယာယီဖွင့်လှစ်ထားပြီး လှူဒါန်းကူညီမှုများအတွက် ဆက်သွယ်နိုင် ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment