Thursday, August 2, 2018

ဆိုက်ဘာလုံခြုံရေးစင်တာတစ်ခုအမေရိကန်တွင် ထူထောင်မည်

Image may contain: 4 people, people sitting
ဝါရှင်တန် သြဂုတ် ၁
ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်မည့် ဆိုက်ဘာလုံခြုံရေး စင်တာတစ်ခုကို အမေရိကန်ပြည်ထောင်စုတွင် ထူထောင်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့က ယနေ့ပြောကြားခဲ့သည်။ ဇူလိုင် ၃၁ ရက်က နယူးယောက်မြို့တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် အမျိုးသား ဆိုက်ဘာလုံခြုံရေး ထိပ်သီးအစည်းအဝေးတွင် အထက်ပါ ဆိုက်ဘာတိုက်ခိုက်မှုကာကွယ်ရေး စင်တာထူထောင်ရေး အစီအစဉ်တစ်ရပ်ကို ပြည်ထဲရေးဝန်ကြီး ကက်စ်ဂျင် နီးလ်ဆန်က အကြံပြုတင်ပြခဲ့ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံ၏ ဝင်ရောက်စွက်ဖက်ခဲ့မှုအပါအဝင် အမေရိကန်ပြည်ထောင်စုတစ်ဝန်း၌် အခြားသောနိုင်ငံများ၏ ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်ကိုရင်ဆိုင်နေရချိန် တွင် ဆိုက်ဘာလုံခြုံရေးစင်တာထူထောင်မည့် အစီအစဉ်ကို ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ခဲ့သည့် အမေရိကန်အုပ်ချုပ်ရေး အဆင့်မြင့်အရာရှိကြီး များနှင့် ဘဏ္ဍာရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များက သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
ရုရှားသာမက တရုတ်၊ မြောက်ကိုရီးယားနှင့် အီရန်နိုင်ငံများကလည်း ¤င်းတို့၏ ဆိုက်ဘာတိုက်ခိုက်မှု စွမ်းရည်ကို အဆင့်မြင့်နည်းပညာများဖြင့် တိုးတက်ပြောင်းလဲလျက်ရှိကြောင်း အမေရိကန်ဒုတိယသမ္မတမိုက်ပန့်စ်က သတိပေးပြောကြားခဲ့သည်။
ဘဏ်များ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ရည်ရွယ်ကာ ဆိုက်ဘာတိုက်ခိုက်မှုများ အဆက် မပြတ်လုပ်ဆောင်လျက်ရှိသည့်အတွက် အစိုးရအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ ကဏ္ဍတို့ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အစည်းအဝေး တက်ရောက် သူများက ဆွေးနွေးပြောကြားကြသည်။
အဆိုပါ ဆိုက်ဘာလုံခြုံရေးစင်တာက ပြည်ထဲရေးဌာနရှိ ရုံးများတွင် ရုံးခန်းများဖွင့်လှစ်ထားကာ ကျွမ်းကျင်ပညာရှင်များ သုံးလအတွင်း ထားရှိ မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု ထင်မြင်ယူဆမှုအပေါ် အမေရိကန်သမ္မတထရန့်က စုံစမ်းစစ်ဆေးမှုများပြုလုပ် လျက်ရှိသည်။ သမ္မတထရန့်အား ကန့်ကွက်ရှုတ်ချမှုများကို ကာကွယ်ရန် အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်ကို အဆင့် မြှင့်တင်ခြင်းဖြစ်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment