Thursday, August 2, 2018

ဘုရားသုံးဆူ၌ ရေမျောသွားသော တံတားအား ပြန်လည်တည်ဆောက်

Image may contain: sky, bridge, outdoor and nature
ဘုရားသုံးဆူ သြဂုတ် ၁
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ သုံးဆူ-သံဖြူဇရပ်လမ်း အပလုံ ကျေးရွာရှိ မိုင်တိုင် (၄၅/၁) (ပြောင်မ ထိန်ကျေးရွာအုပ်စု)ဘေလီသံပေါင် တံတား အရှည်ပေ ၅ဝ၊ အကျယ် ၁၄ ပေသည် ဇူလိုင် ၂၄ ရက် နံနက်ပိုင်း တွင် တောင်ကျချောင်းရေနှင့်အတူ မျောပါခဲ့ရာ ဇူလိုင် ၂၉ ရက်နံနက်ပိုင်း မှစ၍ မော်လမြိုင်အခြေစိုက်တံတား ဦးစီးဌာန လမ်းအထူးအဖွဲ့ ၁၄ က ရက်မတွဲခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
သြဂုတ် ၁ ရက် နံနက်ပိုင်းတွင် ပြင်ဆင်တည်ဆောက်ခြင်းလုပ်ငန်း ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါအပလုံတံတား ရေထဲ မျောပါမှုကြောင့် သုံးဆူ-သံဖြူဇရပ် လမ်းပိုင်းရှိ မော်တော်ယာဉ်များ သွားလာခြင်းမရှိသေးဘဲ လူနှင့် မော်တော်ယာဉ်ငယ်များသာ စက်တပ် လှေငယ်များဖြင့် ဖြတ်သန်းသွားလာ လျက်ရှိကြောင်း သိရသည်။
အောင်သူဟိန်း(ပြန်/ဆက်)

No comments:

Post a Comment