Wednesday, August 29, 2018

ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆေးဝါးနှင့် စားသောက်ကုန်များလှူဒါန်း

Image may contain: 15 people, people smiling, indoor
ဘားအံ သြဂုတ် ၂၈
ကရင်ပြည်နယ်တွင် တစ်လကျော်ကြာ ရေကြီးနစ်မြုပ် လျက်ရှိရာ ရန်ကုန်မြို့ လေးကျွန်းသူဖောင်ဒေးရှင်းမှ ကရင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးအန္တရာယ်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေနှင့် စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို သြဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရန်ကုန်မြို့ လေးကျွန်းသူဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ မြသီတာ(သီဟသုဓမ္မသိင်္ဂီ)ကပြည်နယ်အတွင်း ရေဘေးသင့်
ပြည်သူများအတွက် ထောက်ပံ့လှူဒါန်းရခြင်း ရည်ရွယ်ချက်နှင့် လေးကျွန်းသူဖောင်ဒေးရှင်းအနေဖြင့် ဆောင်ရွက်လုပ်ကိုင်သည့်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးအန္တရာယ်များအတွက် အသုံးပြုနိုင်ရန် အလှူငွေကျပ် ၁၃၁ဝ၄၅ဝဝ နှင့် ငွေကျပ် ၄၆၁၂၅ဝဝ တန်ဖိုးရှိ စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ စုစုပေါင်း ကျပ် ၁၇၇၁၇ဝဝဝ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း-နေမျိုးလွင်(ပြန်/ဆက်)၊ ဓာတ်ပုံ-ပွင့်သစ္စာ

No comments:

Post a Comment