Thursday, August 2, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ တရားရေးဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, people smiling, people standing and indoor
နေပြည်တော် သြဂုတ် ၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ တရားရေးဒုတိယဝန်ကြီးH.E. Mr. Takashi Yamashita အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် ဂျပန်-မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာန အနေဖြင့် တရားရေးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် အထောက်အကူပြုမည့် တရားစီရင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေမှုကိစ္စရပ် များ၊ လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ ဦးအောင်တင်လင်း၊ အတွင်းရေးမှူး ဦးလှသန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment