Thursday, August 2, 2018

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့် ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ တရားရေးဒုတိယဝန်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 3 people, people sitting and indoor
နေပြည်တော် သြဂုတ် ၁
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ တရားရေး ဒုတိယဝန်ကြီး H. E. Mr. Takashi Yamashita နှင့် အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးနှင့် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနတို့အကြား ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးရာကိစ္စရပ်များ၊ ခုံရုံးဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment