Friday, August 31, 2018

ကချင်ပြည်နယ် မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံကိန်း ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

Image may contain: one or more people and people sitting
မြစ်ကြီးနား သြဂုတ် ၃ဝ
ကချင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်အတွင်း မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက်(၂ဝ၁၉-၂ဝ၂၂)အား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ်၂၉ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ City Park Royal ခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ
အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ပြည်နယ်ဥပဒေချုပ်
ဦးဒီဆင်ရမ်က မူးယစ်ဆေးဝါးပြဿနာ သည် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံ
တွင်လည်း စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင် နေရပါကြောင်း၊ ပြည်နယ်အဆင့် မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးမဟာဗျူဟာစီမံချက်(၂ဝ၁၉-၂ဝ၂၂)အား ထိရောက်သောမူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်း(SARA)မှ ဥက္ကဋ္ဌ ဒေါက်တာ
ဂျော်ထက်ဒိုးက မူးယစ်ဆေးသုံးစွဲမှု ကြိုတင် ကာကွယ်ရေး မဟာဗျူဟာစီမံချက် ရေးဆွဲခြင်းနှင့် စပ်လျဉ်းသည်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး အမေရိကန် သံရုံးမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးအဖွဲ့ ဒါရိုက်တာ မစ္စတာဂရက်နာဒါန်က ကချင်ပြည်နယ်၏ မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက်(၂ဝ၁၉-၂ဝ၂၂)အား ရေးဆွဲရာတွင်ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုဆိုင်ရာများ ရှင်းလင်းတင်ပြခဲ့သည်။
အခမ်းအနားသို့ ပြည်နယ်အဆင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးမှူး
ရုံးတို့မှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဖိတ်ကြားထားသူများ၊ အရပ်ဘက် လူမှုရေးမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ရွာအခြေပြု လူမှု အဖွဲ့ အစည်းများမှ တက်ကြွစွာ ပူးပေါင်းပါဝင်လှုပ်ရှားသူများ တက်ရောက်ကြောင်း သိရသည်။
သူရိန်စိုး(ကချင်မြေ)

No comments:

Post a Comment