Friday, August 31, 2018

မြိတ်မြို့မှ စိတ်ကြွရူုးသွပ်ဆေးပြား ရှစ်သောင်းကျော် သိမ်းဆည်းရမိ

Image may contain: one or more people and food
မြိတ် သြဂုတ် ၃ဝ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ချောင်းကူးငယ်ရပ် ရွှေပြည်သာလမ်းရှိ ကွမ်းခြံအတွင်းတွင် သြဂုတ် ၂၉ ရက် နံနက်ပိုင်းက ပိုင်ရှင်မဲ့ စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သောင်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ကွမ်းခြံပိုင်ရှင် ဦးတင်ထွန်းသည် ခြံအတွင်း စိုက်ခင်းအခြေ အနေများ သွားရောက်ကြည့်ရှုစဉ် စိုက်ခင်းနှင့် ရှစ်ပေအကွာ မြေသင်းဖုတ် သည့်တဲအတွင်း ဝါးဖြင့်လုပ်ထားသော စင်အောက်တွင် အဝါရောင် ပလတ်စတစ်ပုံးတစ်လုံး မြေကြီးပေါ်တွင် တစ်ဝက်ခန့်ပေါ်နေ၍ ဆွဲယူလှုပ်ခါ ကြည့်ရာမှ မသင်္ကာဖြစ်ကာ ကလွင်ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ခဲ့ကြောင်း သိရသည်။
ထို့နောက် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ပလတ်စတစ်ပုံး အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၃ဝ၃ဝ (စုစုပေါင်းအလေးချိန် ၈ ဒသမ ၃ဝ၃ ကီလိုဂရမ်)ကို ပိုင်ရှင်မဲ့ရှာဖွေတွေ့ရှိခဲ့ပြီး မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ချိုလွင်က ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကာ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)

No comments:

Post a Comment