Wednesday, August 1, 2018

အင်းတော်မြို့နယ်အတွင်းတရားမဝင်ရွှေမျှောများဖမ်းဆီးရမိ

Image may contain: 1 person, standing and outdoor
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ် ၊ဟောင်းတုန်းကျေးရွာအနီး၊နတ်မီးကာချောင်းအတွင်းတရားမဝင်ရွှေတူးဖော်နေသည့်ရွှေမျှောများဖမ်းမိခဲ့ကြောင်းသိရပါသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃၁ရက်နေ့မွန်းလွဲ၂နာရီအချိန်ခန့်တွင်အင်းတော်မြို့ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်သစ်တောဦးစီးမှူးနှင့်အဖွဲ့ဒေသခံရပ်/ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သောပူးပေါင်းအဖွဲ့သည်သက်သေများနှင့်အတူစစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်အစပ်၊ဟောင်းတုံးကျေးရွာအနီး၊နတ်မီးကာချောင်းအတွင်း၌တရားမဝင်ရွှေသတ္ထုတူးဖော်နေကြောင်းသတင်းအရသွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာလူမနေသည့်တဲ ၇ လုံး၊အင်ဂျင်စက် ၁၀ လုံးဆိုင်ကယ် ၃ စီးနှင့်အတူတရားမဝင်ရွှေသတ္ထုတူးဖော်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
အဆိုပါတရားမဝင်ရွှေသတ္ထုတူးဖော်နေသူများအမြန်ဖမ်းဆီးရမိရေးအတွက်ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ထားကြောင်းအင်းတော်မြို့နယ်မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်မှပြောပြသိရှိရသည်။
လူအောင်(ကသာ)

No comments:

Post a Comment