Thursday, August 2, 2018

ရေဘေးသင့်ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူမှုကရုဏာအကူအညီများ ပေးအပ်လျက်ရှိ

Image may contain: one or more people, people standing and outdoor
ရန်ကုန် သြဂုတ် ၁
မြန်မာနိုင်ငံကြက်ခြေနီအသင်းက မွန်ပြည်နယ် ရေး၊ သထုံ၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များ အတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားရ သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခြင်း၊ ရှေးဦးပြုစုပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းတို့ကို သက်ဆိုင်ရာ မြို့နယ် အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် များက ကူညီဆောင်ရွက်လျက်ရှိသည်။
ဇူလိုင် ၃ဝ ရက်အထိ ကူညီကယ်ဆယ် ရေးပစ္စည်းများအဖြစ် တစ်ကိုယ်ရေကျန်းမာ ရေးသုံးပစ္စည်းအထုပ် ၃ဝဝ၊ အမျိုးသမီးများ အတွက် Dignity kit အထုပ် ၃ဝဝ နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် မိုးကာ၊ ဖိုက်ဘာဦးထုပ်၊ အလံများကို ထောက်ပံ့ခဲ့ သည်။
အလားတူ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန် မြို့နယ်များရှိ ရေဘေးသင့်အိမ်ထောင်စုများ အတွက် ရှေးဦးပြုစုပေးခြင်း၊ ရေနှင့် ထမင်း ထုပ်များ ဝေငှပေးခြင်း၊ ဆေးစိမ်ခြင်ထောင် အလုံး ၄ဝဝ၊ မိသားစုသုံးပစ္စည်း ပုံး ၄ဝ၊ အမျိုး သမီးများအတွက် Dignity kit အထုပ် ၁ဝဝ၊ ရေသန့်ဆေးပြား ၂၂ဝဝ၊ ဓာတ်ဆားထုပ် ၄ဝဝ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကြက်ခြေနီ စေတနာလုပ်အားရှင်များက ရေဘေးသင့် ပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာ ရေး ကူညီစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူး၊ ဝေါ၊ ဒိုက်ဦး၊ ရွှေကျင်နှင့် ကျောက်ကြီး မြို့နယ်များတွင် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ပစ္စည်း များအဖြစ် တစ်ကိုယ်ရေကျန်းမာရေးသုံးပစ္စည်း အထုပ် ၇ဝဝ၊ အမျိုးသမီးများအတွက် Dignity kit အထုပ် ၃ဝဝ၊ တာပေါ်လင် အချပ် ၂ဝဝ၊ ဓာတ်ဆားထုပ် ၁၂ဝဝ နှင့် လိုအပ်သည်များကို ကူညီထောက်ပံ့လျက်ရှိ သည်။
နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း ချောင်းအနီးရှိ အိမ်အချို့ ရေစီးကြောင့် မျောပါ ပျက်စီးခြင်းနှင့် ရေဘေးသင့်ခြင်းများ ဖြစ်ပွား ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မိသားစုသုံးပစ္စည်း ပုံး ၄ဝ၊ အမျိုးသမီးများ အတွက် Dignity kit အထုပ် ၂ဝဝ၊ တာပေါ်လင်အချပ် ၃ဝ၊ ဓာတ်ဆားထုပ် ၅ဝဝ နှင့် အခြားလိုအပ်သည်များကို ကူညီထောက်ပံ့ ပေးလျက်ရှိသည်။
ထို့အပြင် ရေဘေးကူညီကယ်ဆယ်ရေး တာဝန်ထမ်းဆောင်လျက်ရှိသော ကြက်ခြေနီ စေတနာလုပ်အားရှင်များ အသုံးပြုနိုင်ရန် အတွက် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးသုံး ပစ္စည်းများကိုလည်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းက ထောက်ပံ့ပေးပို့လျက်ရှိသည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် ရေဘေးကြောင့် ထိခိုက်ခံစားနေရသော ရပ်ရွာပြည်သူများအား ကြက်ခြေနီစေတနာ လုပ်အားရှင် ၂၅ဝ ကျော်ဖြင့် လူမှုကရုဏာ အကူအညီများကို ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment