Thursday, August 2, 2018

ကရင်ပြည်နယ်၌ ဖိုက်ဘာစက်တပ်လှေများ ထပ်မံရောက်ရှိ

Image may contain: one or more people, people standing and outdoor
ဘားအံ သြဂုတ် ၁
ကရင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မရှင်မှ ကရင်ပြည်နယ် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် စီစဉ်ပေးသည့် ဖိုက်ဘာစက်တပ်လှေနှင့် ဆက်စပ်ပစ္စည်းများ ဇူလိုင် ၃ဝ ရက်က ထပ်မံရောက်ရှိလာကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် မြို့နယ်ခုနစ်မြို့နယ်ရှိပြီး တောင်ပေါ်ဒေသဖြစ်သော သံတောင်ကြီးမြို့နယ်မှလွဲ၍ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်မြို့နယ်တို့တွင် ရေကြီးနစ်မြုပ်ခဲ့ရာ အဆိုပါဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဖိုက်ဘာစက်တပ်လှေငါးစင်း၊ အသက်ကယ်အင်္ကျီအထည် ၅ဝ အပါအဝင်ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)

No comments:

Post a Comment