Thursday, August 2, 2018

ဧရာဝတီ-ဟင်္သာတတာတမံ တောင့်တင်းခိုင်မာအောင်ဆောင်ရွက်ထားရှိ

Image may contain: sky, outdoor, nature and water
ဟင်္သာတ သြဂုတ် ၁
ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လယ်မြေများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန်နှင့် ဒေသခံများရေဘေး ကာကွယ်ရေးအတွက် အလျား ၇၅ ဒသမ ၅ မိုင်ရှိ ဧရာဝတီ-ဟင်္သာတတာ (ဟင်္သာတ-ဇလွန်-ဓနုဖြူ-ညောင်တုန်း-ပန်းတနော်) ကို တည်ဆောက်ထားသည်။
ရာသီဥတု ဖောက်ပြန်မှုဖြစ်စဉ်များကြောင့် နှစ်စဉ်နီးပါး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ၂ဝ၁၅ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်တွင် စံချိန်တင် ရေကြီးမှုဖြစ်စဉ်များတွင် ဟင်္သာတခရိုင်အတွင်းရှိ တာတမံများ ကျိုးပေါက်ပျက်စီးမှုမရှိစေရန် ဆည်မြောင်းဌာနမှ ဝန်ထမ်းများနှင့် ပြည်သူလူထုပူးပေါင်း၍ နေ့ရောညပါ ဆည်ကျိုးပေါက်မှုအန္တရာယ်မှ ကာကွယ်နိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တာတမံများ၏ အလျားမှာ ရှည်လျားသဖြင့် ပြုပြင်ရန်အချိန်၊ ရန်ပုံငွေ၊ လုပ်အားများစွာတို့နှင့် နှစ်အလိုက်အရေးကြီးနေရာများကို ပြုပြင်မွမ်းမံ၍ ကြံ့ခိုင်စွာကာကွယ်လျက်ရှိပြီး မြန်မာ့စပါးကျီ တိုင်းဧရာဝတီအား ဧရာဝတီ-ဟင်္သာတတာတမံဖြင့် ပြည်သူတို့၏ အသက်
အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမရှိစေရန် နှစ်စဉ် ကာကွယ်လျက်ရှိကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)

No comments:

Post a Comment