Thursday, August 30, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Image may contain: one or more people, outdoor and nature
နေပြည်တော် သြဂုတ် ၂၉
မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံး၏ ကွပ်ကဲမှု အောက်ရှိ မှတ်တိုင် ၅၁ ကင်းစခန်းမှ ဒုတိယရဲအုပ် မြင့်မောင် ဦးစီးသည့် တပ်ဖွဲ့ဝင် ၂ဝ၊ စကားပြန် တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၁၁BGB တပ်ရင်း Panchari ကင်းစခန်း မှ Naib Subedar Md. Ekramul Haque ဦးစီးတပ်ဖွဲ့ဝင် ၁၅ ဦး၊ စကားပြန်/လမ်းပြ လေးဦးတို့သည် သြဂုတ် ၂၈ ရက် နံနက် ၁ဝ နာရီ မိနစ် ၂ဝ မှ ၁၁ နာရီခွဲအထိ မိမိတို့ နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင် ၅၁ မှ ၅၁/၅ အထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုရဲ

No comments:

Post a Comment