Thursday, August 30, 2018

မြဝတီဘဏ်လီမိတက်၏ ၆၁ ခုမြောက်မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်

Image may contain: 1 person, standing, wedding and outdoor
မန္တလေး သြဂုတ် ၂၉
မြဝတီဘဏ်လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်ပွဲကို သြဂုတ် ၂၉ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ် သီတာအေးရပ်ကွက် မြနန္ဒာ လမ်းနှင့် စစ်ကိုင်းလမ်းခွဲကြား၊ ၇၈ လမ်းရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်သည်။
ဘဏ်ခွဲဖွင့်ပွဲတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး (ဗိုလ်မှူးကြီး) ဗိုလ်မှူးကြီးစိုးကြည်၊ မန္တလေး တပ်နယ် တပ်နယ်မှူး ဗိုလ်မှူးကြီးသက်နိုင်ဦး နှင့် မြဝတီဘဏ်လီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးယုလွင်တို့က မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းက ဘဏ်ခွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး သည်။
မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲ ကို ချမ်းမြသာစည်မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ စာရင်းရှင် အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှု အပ်ငွေများ၊ ATM ကတ်စာရင်း အပ်ငွေများလက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများ အတွက် မရွှေ့မပြောင်းနိုင်သောမြေနှင့် အဆောက်အအုံများကို အာမခံအဖြစ်ရယူ၍ ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန်ငွေလွှဲပေးပို့နိုင်ခြင်းများ အပါ အဝင်Modern Banking အနေဖြင့်လည်း Mobile Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment