Friday, August 31, 2018

ဂျပန်က အနာဂတ်ကာလတွင် မိုးပျံကားထုတ်လုပ်ရေး အစီအစဉ်ရေးဆွဲဆောင်ရွက်မည်ဟုဆို

Image may contain: one or more people and people sitting
တိုကျို သြဂုတ် ၃ဝ
ဂျပန်နိုင်ငံသည် အနာဂတ်ကာလတွင် နည်းပညာသုံး မော်တော်ယာဉ်များ သုတေသနပြုလုပ်ဆောင်ရန် အစိုးရ အဖွဲ့က အားပေးလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပျံသန်းနိုင်သောကားများ (မိုးပျံကားများ) ထုတ်လုပ်ရန် အစီအစဉ်တစ်ရပ်ကို ရေးဆွဲဆောင်ရွက်သွား မည်ဟု သြဂုတ် ၃ဝ ရက်တွင် ဒေသဆိုင်ရာ သတင်းဌာန များက ဆိုသည်။
မိုးပျံကားများ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် လုပ်ဆောင် သွားမည့် အစီအစဉ်တစ်ရပ်ကို ယခုနှစ်ကုန်ထက် နောက်မကျဘဲ ရေးဆွဲသွားမည်ဖြစ်ကြောင်း အစိုးရတာဝန် ရှိသူများက ပြောကြားကြသည်။ သို့သော် မိုးပျံကား ထုတ်လုပ်မှုမှာ ယခုအချိန်အထိ လက်တွေ့အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။
ဂျပန်အစိုးရတာဝန်ရှိသူများသည် အမေရိကန်အခြေ စိုက် ဘိုးအင်းကုမ္ပဏီ၊ ဥရောပအခြေစိုက် အဲဘတ်စ်ကုမ္ပဏီ တို့နှင့်လည်းကောင်း၊ အောနီပွန်လေကြောင်းလိုင်း၊ ဂျပန် လေကြောင်းလိုင်း၊ အင်န်အီးစီနှင့် တိုယိုတာကုမ္ပဏီက ကျောထောက်နောက်ခံပြုပေးထားသော ကာတီဗေတာ မိုးပျံကားထုတ်လုပ်ရေးကုမ္ပဏီတို့နှင့် လည်းကောင်း မိတ်ဖက်ပြုဆောင်ရွက်ကာ အဆိုပါအစီအစဉ်ကို ရေးဆွဲ သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံ၏ ဝေလံခေါင်ဖျားသော ဒေသများ သို့မဟုတ် တောင်တန်းထူထပ်သော ဧရိယာများတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအရ အခက်အခဲများရှိနေခြင်း ကို မိုးပျံကားများ အသုံးပြုသွားခြင်းဖြင့် ဖြေရှင်းပေးနိုင် မည်ဖြစ်ကြောင်း၊ ၎င်းအပြင် သဘာဝဘေးအန္တရာယ် ကျရောက်နေသော အရပ်များတွင် ကယ်ဆယ်ရေးလုပ်ငန်း များ လုပ်ဆောင်ရာတွင် လည်းကောင်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင်လည်းကောင်း မိုးပျံကားများကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံ၌ မိုးပျံကား ထုတ်လုပ်ရေး စက်မှုလုပ်ငန်းတစ်ခု ပေါ်ထွက်လာပြီး ကမ္ဘာ့ဈေးကွက်အထိ ယင်းကားများ ရောင်းချနိုင်ရေး အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေအက်ဖ်ပီ

No comments:

Post a Comment