Friday, August 31, 2018

ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ နိုင်ဂျီးရီးယားသို့ ရောက်ရှိ

Image may contain: 2 people, people smiling, people standing, hat and closeup
အဘူဂျာ သြဂုတ် ၃ဝ
အာဖရိကတိုက်သို့ အလည်အပတ်ခရီးထွက်ခွာလာသော ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေသည် နိုင်ဂျီးရီးယားနိုင်ငံ အဘူဂျာမြို့သို့ သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိ ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သိရသည်။
ဝန်ကြီးချုပ် မေသည် နိုင်ဂျီးရီးယား သမ္မတ မူဟာ မာဒူး ဘူဟာရီနှင့် တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်တို့သည် လုံခြုံရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုမြှင့်တင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ၂ဝ၁၉ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပ ရေးနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးအပြီး ကုန်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များ လက်မှတ် ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ် မေသည် တောင်အာဖရိကခရီးစဉ် အပြီးတွင် နိုင်ဂျီးရီးယားသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ကင်ညာနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
ဆင်ဟွာ

No comments:

Post a Comment