Thursday, August 30, 2018

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အိန္ဒု-ကော့ကရိတ်လမ်းပိုင်းရှိ ဂျိုင်း(ကော့ကရိတ်)ပွန်တွန်းတံတားနှင့် ကြိုးတံတားအား ကြည့်ရှုစစ်ဆေး

Image may contain: 3 people, people smiling, people standing and outdoor
ဘားအံ သြဂုတ် ၂၉
ကရင်ပြည်နယ်၏ အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ အိန္ဒု-ကော့ကရိတ်လမ်းပိုင်း ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေးနှင့် လမ်းချော်မှုများ လျော့နည်းကျဆင်းရေးအပါအဝင် လမ်းအသုံးပြုသူများအနေဖြင့် လမ်းခရီးကြန့်ကြာမှုမရှိစေရေးအတွက် သြဂုတ် ၂၈ ရက် ညနေပိုင်းက ဂျိုင်း (ကော့ကရိတ်) ပွန်တွန်း တံတားအခြေအနေတို့ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ကော့ကရိတ်-ကျုံဒိုးလမ်းကြောင်းတစ်လျှောက် ယာဉ်အန္တရာယ်ကင်း
ရှင်းရေးအတွက် ကော့ကရိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ရဲတပ်ဖွဲ့
ဝင်များဖြင့်လည်းကောင်း၊ ဂျိုင်း-ကျားကလေးလမ်းနှင့် ဂျိုင်း-အိန္ဒု
လမ်းပိုင်းတစ်လျှောက် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို နယ်မြေခံ
ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပွန်တွန်းတံတားနှင့်ကြိုးတံတားပေါ် ယာဉ်များပုံမှန်ဖြတ်သန်းသွားလာနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းသူ(ဘားအံ)

No comments:

Post a Comment