Wednesday, August 1, 2018

ညနေငါးနာရီရေလှူအသင်း ရက် ၁၀၀၀ ပြည့်အထိမ်းအမှတ် စုပေါင်းဒါနပြုလုပ်

Image may contain: 10 people, people on stage, people standing and outdoor
ရေဦး ဇူလိုင် ၃၀
ရေဦးမြို့ ညနေငါးနာရီ ရေလှူအသင်း၏ ရက် ၁၀၀၀ ပြည့်အထိမ်းအမှတ် စုပေါင်းဒါနပြုလုပ်ခြင်းကို ဇူလိုင် ၃၀ ရက်ညနေ ၅ နာရီက ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီှးတွင် ပြုလုပ်ခဲ့သည်။
ကုတင် ၁၀၀ဆံ့ပြည်သူ့ဆေးရုံကြီးတွင်ကျန်းမာရေးဆေးကုသမှုခံယူနေကြသူ ၁၂၀ ဦးအား အဟာရဖြစ် ကြက်သားဆန်ပြုတ် ၊ ကြက်ဥပြုတ် ၊ ရေသန့် ၊ မျက်နှာသုတ်ပုဝါ ၊ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ဆပ်ပြာ ၊ ယမ်ယမ် ၊လိမ္မော်လျက်စား ၊ အားဖြည့်အချိုရည်ဘူးများ ၊ မြန်မာစာတမ်းပါအဟာရဖြစ် မုန့်မျိုးစုံ ၊ ရေခပ်ဖလား ၊ ဆပ်ပြာထုပ်မျိုးစုံကို လူမျိုးဘာသာမရွေး ကုသိုလ်ပြု ပေးဝေခဲ့သည်။
ထို့ပြင် ဆေးရုံအတွက် ကိုသက်ခိုင် ဇနီးမသန္တာစိုး တို့က လူနာတင်စက်တီးကုတင်တစ်လုံး ကိုအောင်စိုးနှင့်ဇနီးက မွေ့ယာတစ်ထည် ညနေရေလှူအသင်းအဖွဲ့က ငွေကျပ် တစ်သိန်းခွဲ ကိုသိန်းတင့်( ဆေး)ကငွေကျပ်တစ်သောင်း ၊ Dr-ဇော်သိန်းထိုက် နှင့် ဇနီး Dr-မင်းမင်းသူမှ ငွေကျပ် သုံးသိန်းကို ဆေးရုံအုပ် ဒေါက်တာအောင်ကျော်နိုင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။
သန်းထိုက် ( ရေဦး )

No comments:

Post a Comment