Thursday, August 30, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ သွားရောက်စစ်ဆေး





Image may contain: 16 people
ရန်ကုန် သြဂုတ် ၂၉



 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံသို့ သွား ရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ၏ ကျန်းမာရေးဝန်ထမ်း များနှင့် တွေ့ဆုံသည်။
အားပေးစကား ပြောကြား
ထိုသို့တွေ့ဆုံရာတွင် ဆေးရုံအုပ်ကြီး ဒေါက်တာသင်းယုဇော်က ဝန်ထမ်း အင်အား၊ လက်ရှိ ကျန်းမာရေးစောင့် ရှောက်ပေးနေမှုအခြေအနေနှင့် လိုအပ် ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆေးရုံတွင်း လှည့်လည်ကြည့်ရှုကာ အမျိုးသမီး ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစ ကလေးနှင့် မိခင်များကို အားပေးစကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆေးရုံတာဝန်ရှိသူများအား မိခင်နို့တိုက်ကျွေးနေသည့် မွေးမိခင်များ ၏ အစားအသောက်အခြေအနေကို ကြည့်ရှု၍ ကျန်းမာရေးအသိပညာပေး ရန်၊ ဆေးရုံတွင် လာရောက်ပြသသည့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာ ရေးအသိမြှင့်တင်နိုင်ရန်အတွက် ကျန်းမာ ရေးပညာပေး ဇာတ်လမ်းတိုများ ရိုက်ကူး ပြသပေးသွားရန်၊ ကလေးငယ်များ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုသည် အရေးကြီး၍ မွေးကင်းစမှ နှစ်နှစ်အရွယ်ထိ ကလေး ငယ်များကို သေချာစွာပြုစုစောင့်ရှောက် ရန်နှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနလက်အောက်ရှိ ဆေးရုံဖြစ်ပြီး အတွင်းလူနာ ၄ဝ အား လက်ခံကုသ ပေးလျက်ရှိသည်။ ဒေါ်ခင်ကြည်အမျိုး သမီးဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်ကုသမှု၊ ဆေးရုံဆင်းပြီး မွေးကင်းစနှင့် မိခင်များကို စောင့်ရှောက် မှု၊ ကိုယ်ဝန်ဆောင်မိခင်များ ခွဲခန်းနေ့ သတ်မှတ်၍ ခွဲစိတ်မွေးဖွားခြင်းနှင့် သားကြောဖြတ်ခြင်းလုပ်ငန်းများ ဆောင် ရွက်မှု၊ သားဆက်ခြားလိုသည့် မိခင်များ အတွက် သားဆက်ခြားခြင်း၊ ကိုယ်ဝန် ဆောင်လူနာများကို ရိုးရိုးမွေးဖွားပေး ခြင်းနှင့် အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ သတင်းစဉ်

No comments:

Post a Comment