Thursday, August 2, 2018

တာချီလိတ် မြေပြိုကျခဲ့သည့် အေးငြိမ်းချမ်းသာဘုန်းကြီးကျောင်း၌ မြေထိန်းနံရံပြုလုပ်ပြီးစီး

Image may contain: one or more people, people standing and outdoor
တာချီလိတ် သြဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် ဇူလိုင် ၂၈ ရက် ညပိုင်းက ပေ ၂ဝ ခန့် မြေသားနံရံပြိုကျခဲ့သည့် ဝမ်လုံးကျေးရွာအုပ်စု မင်းဓမ္မတောင်ရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီး ကျောင်း၌ မြေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်းများ ဇူလိုင် ၃၁ ရက်က ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေထိန်းနံရံတည်ဆောက် ခြင်းနှင့် မြေပြိုကျမှု ထပ်မံမဖြစ်ပွား စေရန် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို တပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာန ဆိုင်ရာများ၊ မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

No comments:

Post a Comment