Thursday, August 2, 2018

မြဝတီဘဏ်လီမိတက်၏ ၆ဝ ခုမြောက်(ဒဂုံမြို့သစ်မြောက်ပိုင်း)ဘဏ်ခွဲ ဖွင့်

Image may contain: 1 person, outdoor
ရန်ကုန် သြဂုတ် ၁
မြဝတီဘဏ်လီမိတက်၏ ၆ဝ ခုမြောက်(ဒဂုံမြို့သစ် မြောက်ပိုင်း)ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရာဇဓိရာဇ်လမ်းနှင့် တပင်ရွှေထီးလမ်းကြား ပြည်ထောင်စု လမ်းမကြီးရှိ အဆိုပါဘဏ်ခွဲ၌ပြုလုပ်ရာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးယုလွင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
လှည့်လည်ကြည့်ရှု
ရှေးဦးစွာ မြဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများက သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များ၊ မြဝတီဘဏ်လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးယုလွင်နှင့် တာဝန်ရှိသူများက ဘဏ်ခွဲကမ္ပည်း မော်ကွန်းကို အမွှေးနံ့သာရည်ပက်ဖျန်း၍ ဖွင့်လှစ်ပေး သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့်အတူ ဘဏ်အတွင်း လှည့်လည် ကြည့်ရှုကြသည်။
မြဝတီဘဏ်(ဒဂုံမြို့သစ်မြောက်ပိုင်း) ဘဏ်ခွဲကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင် ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။ စာရင်းရှင်အပ်ငွေ များ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှု အပ်ငွေများ၊ATM ကတ် စာရင်းအပ်ငွေများ လက်ခံခြင်း နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေ များအတွက် မရွှေ့မပြောင်းနိုင်သော မြေနှင့် အဆောက် အအုံများကို အာမခံအဖြစ်ရယူ၍ ချေးငွေများ ထုတ်ချေး ခြင်း၊ မြဝတီဘဏ်ခွဲအသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန် အလှန် ငွေလွှဲပေးပို့နိုင်ခြင်းများ အပါအဝင် Modern Banking အနေဖြင့်လည်းMobile Bankingဆိုင်ရာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
သတင်းစဉ်

No comments:

Post a Comment