Friday, August 31, 2018

အိန္ဒိယ၏ ပထမဆုံးသော ဇီဝလောင်စာသုံးလေယာဉ် ခရီးစဉ်စမ်းသပ်ပျံသန်း

Image may contain: airplane
နယူးဒေလီ သြဂုတ် ၃ဝ
လေကြောင်းပျံသန်းမှုဆိုင်ရာ စရိတ်စကများ လျှော့ချနိုင်ရေးရည်မှန်းချက်ဖြင့် သုတေသနပြု ထုတ်လုပ်ထားသည့် ပထမဆုံးသော ဇီဝ လောင်စာသုံး လေယာဉ်တစ်စင်း ခရီးစဉ် စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။
ဇီဝလောင်စာဆီနှင့် တာဘိုင်အင်ဂျင်သုံး လောင်စာဆီတို့ ရောနှောအသုံးပြုသည့် အဆိုပါ လေယာဉ်သည် ခရီးသည် ၇၂ ဦး လိုက်ပါနိုင်သည်။ ဘွန်းဘာဒီယာကျူ-၄ဝဝဟု အမည်ပေးထားသော လေယာဉ်သည် နိုင်ငံ မြောက်ပိုင်းရှိ ဥတ္တရာခန်းပြည်နယ် မြို့တော် ဒါရာဒွန်မြို့ရှိ ဂျိုလီဂရန့်လေဆိပ်မှ မြို့တော် နယူးဒေလီသို့ ပျံသန်းထွက်ခွာခဲ့သည်။ ယင်းလေယာဉ် စမ်းသပ်ပျံသန်းသည့် အထိမ်း အမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ပြီး လေယာဉ်သစ်ကို ဖွင့်လှစ် ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
ဇီဝလောင်စာသုံး လေယာဉ်စမ်းသပ် ပျံသန်းမှုအပြည့်အဝ အောင်မြင်ပါက အိန္ဒိယ နိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျနိုင်ငံကဲ့သို့သော ဇီဝလောင်စာ သုံး လေယာဉ်များသုံးစွဲသည့် လက်ရွေးစင် နိုင်ငံများအုပ်စုသို့ ပူးပေါင်းဝင်ရောက်နိုင်မည် ဖြစ်သည်။
ဇီဝလောင်စာသုံးလေယာဉ် စမ်းသပ် ပျံသန်းမည့် ဇီဝလောင်စာဆီကို ဒါရာဒွန်မြို့ အခြေစိုက် နိုင်ငံပိုင်ရေနံလုပ်ငန်းတက္ကသိုလ်က သုတေသနပြု ထုတ်လုပ်ခဲ့သည်။ စိုက်ပျိုးရေး ဆိုင်ရာ အကြွင်းအကျန်များ၊ စားသုံးရန် မသင့်လျော်သည့် ဆီများ၊ စက်မှုလုပ်ငန်းများ နှင့် မြို့ပြများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း များကို အစုအပေါင်းပြုကာ ပြင်ဆင်ထုတ် လုပ်ထားသော ဇီဝလောင်စာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လေယာဉ် စမ်းသပ်ပျံသန်းမှုကို စရိတ် နည်း လေကြောင်းလိုင်းတစ်ခုဖြစ်သည့် စပိုက် ဂျက်လေကြောင်းလိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ် သည်။ အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် များမပါရှိဘဲ လေကြောင်းလိုင်းမှ တာဝန်ရှိ သူများနှင့် မြို့ပြလေကြောင်း ပျံသန်းမှုဆိုင်ရာ တာဝန်ရှိသူများသာ လိုက်ပါခဲ့ကြကြောင်း၊ မည်သည့်အရေးပေါ်ကိစ္စတွင်မဆို လေယာဉ် မှူးများအား ကူညီနိုင်ရန် လေယာဉ် အင်ဂျင်နီယာများလည်း စမ်းသပ်ပျံသန်းမှုတွင် လိုက်ပါခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။
လွန်ခဲ့သည့် ၁ဝ နှစ်ကျော်ကာလက ဗာဂျင်းအတ္တလန္တိတ်လေကြောင်းမှ လေယာဉ် သည် ဗြိတိန်နိုင်ငံ လန်ဒန်မှ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သို့ ပထမဦးဆုံး ဇီဝလောင်စာ သုံး လေယာဉ်ပျံသန်းမှုပြုလုပ်ခဲ့ဖူးသည်။
ဆင်ဟွာ

No comments:

Post a Comment