Friday, August 31, 2018

ရမည်းသင်းမြို့၌ ဆေးပဒေသာပင်အလှူငွေပေးအပ်

Image may contain: 3 people, people sitting, people eating, child and food
မန္တလေး သြဂုတ် ၃ဝ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ ရွှေပြည်သာ အနောက်ကျောင်းတိုက် မေတ္တာရှင် (အခမဲ့)ဆေးကုဌာန၏ သုံးနှစ်ပြည့်အထိမ်းအမှတ်နှင့် ဆေးပဒေသာပင်အလှူငွေ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ရွှေပြည်သာ အနောက်ကျောင်းတိုက် ဘုရားသုံးဆူတန်ဆောင်းတွင် ကျင်းပ သည်။
အခမ်းအနားတွင် ရွှေပြည်သာအနောက်ကျောင်းတိုက်ဆရာတော် ဦးဣန္ဒက သြဝါဒကထာမိန့်ကြားပြီး မေတ္တာရှင် အခမဲ့ဆေးခန်း ကြီးကြပ်ရေးကော်မတီနာယက ဗိုလ်ချုပ် ကိုကိုနိုင်(ငြိမ်း)က အမှာစကားပြောကြားသည်။ ယင်းနောက် အခမဲ့ဆေးကုခန်း၏ ဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးအခြေအနေကို နာယက ဗိုလ်ကြီးဇော်မင်း(ငြိမ်း)က ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆေးခန်းတွင် စေတနာဖြင့် ကုသပေးသော ဆရာဝန်အား လူမှုရေးဂုဏ်ပြု ဆုလက်မှတ် ပေးအပ်ချီးမြှင့်သည်။
မေတ္တာရှင်(အခမဲ့) ဆေးခန်းသည် ရမည်းသင်းမြို့ ရွှေပြည်သာအနောက်ကျောင်းတိုက် ဘုရားသုံးဆူတန် ဆောင်းတွင်တည်ရှိပြီး ပင်မဆေးကုဌာန၊ ဆင့်ပွားဆေးကုဌာန နှင့် ကျေးရွာများသို့ အခါအားလျော်စွာ ကွင်းဆင်းကုသလျက် ရှိရာ ကျေးရွာပေါင်း ၁၂ ရွာရှိပြီဖြစ်ပြီး မေတ္တာရှင်အခမဲ့ ဆေးခန်းက သုံးနှစ်အတွင်း လူနာပေါင်း ၁၂ဝဝဝ ကျော် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
လှိုင်သန်းတင့်

No comments:

Post a Comment