Friday, August 31, 2018

စလင်းမြို့တွင် ကလေးစာပေပြပွဲ၊ ရှားပါးစာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ

Image may contain: one or more people, basketball court and outdoor
စလင်း၊ သြဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရန်ကုန်၊ မန္တလေးစာအုပ်တိုက် များပူးပေါင်း၍ စီစဉ်ကျင်းပသော ကလေးစာပေပြပွဲ၊ ရှားပါးစာအုပ်ပြပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ဈေးရောင်ပွဲတော်ကို စလင်းမြို့ဈေးမရပ်ကွက် ပြည်သူ့ပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ရှေ့ တွင် သြဂုတ် ၃၀ ရက် နံနက် ၈း၀၀ နာရီအချိန်ကကျင်းပခဲ့သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အလုပ်အမှုဆောင်များနှင့်ပါတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ ကျောင်းသား/သူ များ၊ စာအုပ်အရောင်းဆိုင်ရှင်များ၊ စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြပြီး ပွဲတော်ကို သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ (ပြန်/ဆက်)

No comments:

Post a Comment