Friday, August 31, 2018

မိုင်းတုံမြို့၌ မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုဖြစ်ပွား

Image may contain: sky, outdoor, nature and water
မိုင်းတုံ သြဂုတ် ၃ဝ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ရေများစီးဆင်းလာသဖြင့် နမ့်တုံ ချောင်း ရေကြီးရေလျှံမှုကြောင့် သြဂုတ် ၃ဝ ရက် နံနက် ၄ နာရီခွဲခန့်က မိုင်းတုံ-မိုင်းပန်လမ်း ဝမ်နားကျေးရွာ တွင် ကားလမ်းမနှင့် တံတားရေကျော် ခြင်း၊ မြို့မရပ်ကွက် ကမ္မဋ္ဌာန်းကျောင်း သွား လမ်းမှ တံတားရေကျော်ခြင်း၊ မိုင်းဆတ်-မိုင်းတုံလမ်း နောင်ပါရင် ရပ်ကွက်တွင် ကားလမ်းမပေါ် တစ်ပေ ခန့်ရေကျော်ခြင်း၊ နောင်ပါရင် ရပ်ကွက်အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ များအတွင်း ရေဝင်ရောက်ခြင်းနှင့် တောင်သူ ၂၁၇ ဦး၏ လယ်မြေ ၃၆၅ ဒသမ၂၅ ဧက ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့ရာ လူ၊ တိရစ္ဆာန်နှင့် နေအိမ် အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ နံနက် ၉ နာရီခွဲခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
''တောင်ကျရေဆိုတော့ သစ်ကိုင်း တွေနဲ့အမှိုက်တွေ မျောပါလာတာ လမ်းမပေါ်တောင် ရောက်တယ်။ လမ်းမပေါ်မှာတော့ ရေတွေပြန်ကျ သွားပါပြီ။ လယ်တွေက ရေမြုပ်နေ သေးတော့ ပျက်စီးမှုအခြေအနေ မသိ ရသေးဘူး'' ဟု ဝမ်နားကျေးရွာနေ တောင်သူ ဦးစုစိန္တက ပြောသည်။
တောင်ကျရေများ စီးဆင်း မှုကြောင့် ကားလမ်းမပေါ်နှင့် တံတား ပေါ်တွင် တင်နေသော သစ်ကိုင်းနှင့် အမှိုက်များအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ် ဦးဆောင်သော တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မတော်သားများက ဝိုင်းဝန်း ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)

No comments:

Post a Comment