Wednesday, August 29, 2018

ပေါင်မြို့နယ်တွင် မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သော ရွှေအိုးငွေအိုးမြှုပ်နှံလှူဒါန်းပွဲ ကျင်းပ

Image may contain: food
ပေါင် သြဂုတ် ၂၈
မွန်တိုင်းရင်းသားလူမျိုးတို့၏ ရှေးကျသော ရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်သည့် ရွှေအိုးငွေအိုးမြှုပ်နှံလှူဒါန်းပွဲ ကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ ပြုလုပ်ခဲ့
သည်။
နောင်သံသရာဘဝတွင် ကောင်းကျိုးချမ်းသာ ခံစားရရှိလိုခြင်းနှင့် မိမိတို့၏လုပ်အားဖြင့် ရရှိထားသော သန့်ရှင်းသည့်ပစ္စည်းများကို ဝါခေါင်
လပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများနေထိုင်ရာ ဒေသများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရွှေအိုးငွေအိုးသဏ္ဌာန်အိုးများထားရှိပြီး မိမိလှူဒါန်းလိုသော လှူဖွယ်ပစ္စည်းများအား အိုးအတွင်းထည့်သွင်းကာ လှူဒါန်းမှုပြုလုပ်သော ဓလေ့တစ်ခုဖြစ်ကြောင်း ပေါင်မြို့ ကဒုံစီးတိုက်ကျောင်းဆရာတော် ဦးပညာသာမိက မိန့်သည်။
ရွှေအိုးငွေအိုးထဲတွင် ဆန်၊ ဆီ၊ ဆား၊ မုန့်ပဲသရေစာ၊ စာအုပ်၊ ဘောပင်နှင့် ငွေသားများ အစရှိသည့်ပစ္စည်းများကို မိမိတတ်နိုင်သလောက် ထည့်ဝင်လှူဒါန်းကြပြီး ရှေးယခင်နှစ်အဆက်ဆက်ကတည်းက ပြုလုပ်ခဲ့ သော ရိုးရာအစဉ်အလာတစ်ခုကို ယနေ့အချိန်ထိ မွန်လူမျိုးများကလက်ဆင့်ကမ်းထိန်းသိမ်းလာသည့်ဓလေ့တစ်ခုဖြစ်ကြောင်း သိရသည်။
''ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တဲ့အတွက် အလှူဒါနပြုရင် နောင်
ဘဝမှာ ကောင်းကျိုးချမ်းသာရမှာကို ယုံကြည်ကာ ရှိတဲ့ပစ္စည်းတွေကို လာရောက်လှူဒါန်းတာပါ။ ဒီဓလေ့က ကိုယ့်ရဲ့အဘိုးအဘွားလက်ထက်ကတည်းက လုပ်လာတယ်လေ။ ဒါကို ကျွန်တော်တို့အနေနဲ့ ထိန်းသိမ်းသွားမှာပါ ''ဟု ပေါင်းရပ်ကွက်မှ ဦးနိုင်ထွန်းဝေက ပြောသည်။
အဆိုပါ ရွှေအိုးငွေအိုးမြှုပ်နှံလှူဒါန်းပွဲတော်ဓလေ့သည် မွန်တိုင်းရင်း
သားလူမျိုးများ၏ ရာသီအလိုက်ပြုလုပ်သော ပွဲတော်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး နှစ်စဉ် ဝါခေါင်လပြည့်နေ့ရောက်တိုင်း မွန်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီးသီးတွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)

No comments:

Post a Comment