Thursday, August 2, 2018

ကျိုက်ထိုမြို့နယ်၌ ရေနစ်မြုပ်ခဲ့သည့်ရေတွင်းရေကန်များအား ကလိုရင်းဆေးများ လိုက်လံခတ်ပေး

Image may contain: 4 people, people smiling, outdoor
ကျိုက်ထို သြဂုတ် ၁
ကျိုက်ထိုမြို့နယ်အတွင်း ဇူလိုင်လ နောက်ဆုံးပတ် က မိုးသည်းထန်စွာ ရွာသွန်း၍ ရပ်ကွက်၊ ကျေးရွာ များ၌ ရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ရာ လူနေအိမ်များရှိ ရေတွင်း၊ ရေကန်များအတွင်း ရေဆိုး၊ ရေညစ် များ ဝင်ရောက်ခဲ့၍ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်ခဲ့သဖြင့် သြဂုတ် ၁ ရက် နံနက် ၁ဝ နာရီ တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာစောကလျာနှင့် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီဝင်များက ရေတွင်း၊ ရေကန် များကို ကလိုရင်းဆေးများ လိုက်လံခတ်ပေးခဲ့သည်။
ယင်းသို့ တောင်သူစုရပ်ကွက်၊ မြောက်ပိုင်း ရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက် နှင့် ဖက္ကလိပ်ကျေးရွာတို့တွင် ကလိုရင်းဆေးများ ခတ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment