Tuesday, July 3, 2018

ဒုတိယအကြိမ် တေးဂီတဖျော်ဖြေပွဲ ပြုလုပ်သွားမယ့်Red Velvet

Image may contain: 5 people, people smiling
အမျိုးသမီးကေပေါ့ပ်တေးဂီတအဖွဲ့ ''Red Velvet''ဟာ အဖွဲ့ရဲ့ ဒုတိယအကြိမ် ဆိုလိုတေးဂီတဖျော်ဖြေပွဲကို လာမယ့် နွေရာသီမှာ ပြုလုပ်သွားဖို့ရာ စီစဉ်ထားကြောင်း လတ်တလောမှာ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၂ ရက်မှာတော့ ''Red Velvet''ရဲ့ ဖျော်ဖြေပွဲကို လာမယ့် နွေရာသီမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း၊ ဖျော်ဖြေပွဲအမည်ကို ''REDMARE'' လို့ ပေးထားကြောင်း ထုတ်ဖော်ပြောကြား လာတာပါ။ ယင်းဖျော်ဖြေပွဲမှာတော့ အဖွဲ့ရဲ့ ဆန်းသစ်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေနဲ့အတူ အဖွဲ့ဝင်တွေရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်တွေကို အလေးထား တင်ဆက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
''REDMARE''ကိုတော့ သြဂုတ် ၄ ရက်နဲ့ ၅ ရက်တွေမှာ ဆိုးလ်မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲဟာ အဖွဲ့ရဲ့ ဒုတိယ အကြိမ်မြောက် ဆိုလိုပွဲဖြစ်ပြီး ၂ဝ၁၇ ခုနှစ် သြဂုတ်အတွင်း ''RED ROOM''လို့အမည်ရတဲ့ အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ဆိုလိုဖျော်ဖြေပွဲ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အေးပြည့်

No comments:

Post a Comment