Tuesday, July 3, 2018

လီဒေါင်ဝတ်နဲ့ ဆူဇီတို့ လမ်းခွဲလိုက်ပြီ

Image may contain: 2 people
တောင်ကိုရီးယားရဲ့ နာမည်ကျော်ကြယ်ပွင့်စုံတွဲတစ်တွဲဟာ ချစ်သူသက်တမ်းလေးလခန့်မှာပင် တစ်လမ်းစီလျှောက်ခဲ့ကြပြီ ဖြစ်ပါတယ်။ လတ်တလော လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းတွေထွက်လာခဲ့သူတွေကတော့ ကေပေါ့ပ်ကြယ်ပွင့်အဖြစ်မှသည် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့တဲ့ ဆူဇီနဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ လီဒေါင်ဝတ်တို့ ဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်မှာတော့ ဂျေဝိုင်ပီအန်တာတိန်းမန့်က ကြယ်ပွင့်နှစ်ဦးလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။ ဆူဇီရဲ့အေဂျင်စီဖြစ်တဲ့ ဂျေဝိုင်ပီအန်တာတိန်းမန့်က ''ဆူဇီနဲ့ လီဒေါင်ဝတ်တို့ လမ်းခွဲလိုက်ပြီဆိုတာ အမှန်ပဲဖြစ်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ သူတို့နှစ်ဦးစလုံးဟာ အလွန်ကို အလုပ်ရှုပ်ကြတဲ့သူတွေ ဖြစ်ပါတယ်၊ များပြားလွန်းတဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်တွေ ကြောင့် တစ်ယောက်ကိုတစ်ယောက် အချိန်တွေမပေးနိုင်ဖြစ်ကာ သူ့အလိုလို လမ်းခွဲလိုက်သလိုဖြစ်ခဲ့ရပြီး တစ်ယောက်တစ်လမ်းစီ ရှေ့ဆက်လျှောက်လှမ်းနေကြတာဖြစ်ပါတယ်''လို့ ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။
လီဒေါင်ဝတ်ရဲ့ ဖျော်ဖြေရေးအေဂျင်စီဖြစ်တဲ့ ကင်းကောင်အန်တာတိန်းမန့်ကလည်း နှစ်ဦးသားအလုပ်တွေများတာကြောင့် လမ်းခွဲလိုက်ကြတာဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီလို လမ်းခွဲပြီးနောက်ပိုင်းမှာလည်း တစ်ဦးကိုတစ်ဦး အခင်အမင်မပျက် ဆက်လက်အားပေးသွားကြမှာဖြစ်ကြောင်းလည်း OSEN က ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။ လီဒေါင်ဝတ်နဲ့ ဆူဇီတို့ နှစ်ဦးစလုံးဟာ ရုပ်သံဇာတ်လမ်းတွဲသစ်တွေနဲ့အတူ ပရိသတ်ရှေ့အရောက်ပြန်လာဖို့ရာ ရှိနေပါတယ်။ လီဒေါင်ဝတ်ဟာ JTBC ရုပ်သံလိုင်းက စီစဉ် ရိုက်ကူးသွားမယ့် ဇာတ်လမ်းတွဲ ''Life''မှာ ပါဝင်သွားမှာဖြစ်ပြီး ဆူဇီကတော့ မင်းသား လီဆန်းဂီနဲ့ တွဲဖက်ကာ ''Vagabond'' ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်ပါဝင်သွားမှာဖြစ်ပါတယ်။
လီဒေါင်ဝတ်နဲ့ ဆူဇီတို့ဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ချစ်သူတွေဖြစ်နေကြောင်း တရားဝင်ထုတ်ဖော်ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောကြားစဉ်မှာပင် သူတို့နှစ်ဦးဟာ တစ်ဦးကိုတစ်ဦး နားလည်အောင်ကြိုးစားနေတဲ့အခြေအနေမှာသာ ရှိနေသေးတာ ဖြစ်တယ်လို့လည်း တစ်ပါတည်းပြောကြားခဲ့တာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment