Tuesday, July 3, 2018

စစ်မှုထမ်းဆောင်တော့မည့်သတင်းနှင့်ပတ်သက်ပြီး ဂျန်ဂန်ဆပ် အေဂျင်စီတုံ့ပြန်

Image may contain: 1 person
တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်တဲ့ ဂျန်ဂန်ဆပ် ဟာ ယခုလအတွင်း စစ်မှုစတင်ထမ်းဆောင်တော့မှာဖြစ်ကြောင်း လတ်တလောမှာ သတင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ မင်းသားဟာ လာမယ့် ဇူလိုင် ၁၉ ရက်မှာ စစ်မှုထမ်းဆောင်တော့မှာ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြတဲ့ သတင်းတွေအပေါ် သူ့ရဲ့ အေဂျင်စီက လတ်တလောမှာ တုံ့ပြန်ပြောကြားလာခဲ့တာဖြစ်တယ် လို့ စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ဇူလိုင် ၂ ရက်မှာတော့ ဂျန်ဂန်ဆပ်ရဲ့ အေဂျင်စီက မင်းသားဟာ မကြာမီစစ်မှုထမ်းဆောင်သွားတော့မှာမှန်ပေမယ့် ဇူလိုင် ၁၉ ရက်မှာ စတင်သွားမယ်ဆိုတဲ့ သတင်းကတော့ မှန်ကန်မှုမရှိကြောင်း တုံ့ပြန်ခဲ့ ပါတယ်။ မင်းသားရဲ့ စစ်မှုစတင်ထမ်းဆောင်သွားမယ့်ရက်ကိုတော့ လတ်တလောအချိန်အထိ အတိအကျသတ်မှတ်ပြီးခြင်း မရှိသေးဘူး လို့လည်း သိရပါတယ်။
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ဇာတ်လမ်းတွဲရုပ်ရှင် ''Switch'' အတွက် သတင်းစာရှင်းလင်းပွဲမှာတော့ ဂျန်ဂန်ဆပ်က ယင်းရုပ်ရှင်ဟာ စစ်မှုမထမ်းမီ နောက်ဆုံးရိုက်ကူးတဲ့ သူ့ရဲ့ရုပ်ရှင် ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။
အေးပြည့်

No comments:

Post a Comment