Tuesday, July 3, 2018

အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ သင်တန်းဖွင့်လှစ်

Image may contain: one or more people and indoor
ပဲခူး ဇူလိုင် ၂
ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေး
ဌာန(ခွဲ)(ITC) ပဲခူးတွင် ရှမ်းပြည်နယ်စည်ပင်
သာယာရေးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၂) (စက်မှု၊ လျှပ်စစ်၊ အီလက်ထရွန်နစ်)သင်တန်းသားများအတွက် အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂ ရက်
နံနက်ပိုင်းက ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဆည်မြောင်း
နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်
ကျော်က သင်တန်းဖွင့်အမှာစကားပြောကြား
ပြီး ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင့်
ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေး
လှိုင်က သင်တန်းတွင်ပို့ချပေးမည့် အင်ဂျင်
နီယာဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းတွင် ရှမ်းပြည်နယ် စည်ပင်
သာယာရေးဌာနမှ အငယ်တန်း အင်ဂျင်
နီယာ(၂) (စက်မှု၊ လျှပ်စစ်၊ အီလက်
ထရွန်နစ်) သင်တန်းသား သင်တန်းသူ ၅၄ ဦး
တက်ရောက်ပြီး သင်တန်းကာလမှာ ဇူလိုင်
၂ ရက်မှ ၁၃ ရက်ထိ နှစ်ပတ်ကြာဖွင့်လှစ်
ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် စည်ပင် သာယာရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
သူရအောင် (ပြည်)

No comments:

Post a Comment