Tuesday, July 3, 2018

အိုလံပစ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆက်လက်ကျင်းပ

Image may contain: 5 people, people smiling, people standing
ရန်ကုန် ဇူလိုင် ၂
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ဇွန် ၃ဝ ရက်
နံနက် ၈ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ဆက်လက်ကျင်းပသည်။
ဝူရှူးပြိုင်ပွဲများကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီး အလွတ်တန်း နန်းချွမ်၊ ကျန့်စုပြိုင်ပွဲ
များ၊ အမျိုးသား၊ အမျိုးသမီး လူဟောင်းတန်း (ကွန့်စု၊ ထိုက်ကျိချွမ်) ပြိုင်ပွဲများ၊ လူသစ်တန်း
(သောင်းစု) ပြိုင်ပွဲများနှင့် လူဟောင်းတန်း
(ချမ်းချွမ်) ပြိုင်ပွဲများ ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲ
များတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ
များအား တာဝန်ရှိသူများက ဆုများပေးအပ်
ချီးမြှင့်ပေးသည်။
အိုလံပစ်နေ့အထိမ်းအမှတ် ဝူရှူးအားကစား
ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း ၃၅ ကျောင်းမှ ကျောင်း
သား ကျောင်းသူ လူငယ်အားကစားသမား စုစုပေါင်း ၂၄ဝ ဝင်ရောက်ယှဉ်ပြိုင်သည်။
ကျွမ်းဘား ပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး
သွေးသစ်တန်း၊ အလွတ်တန်း၊ မျိုးဆက်သစ် တန်း၊ အလတ်တန်း မြေပြင်ပြိုင်ပွဲများ၊ ရင်ခွင်
ပိုက်တန်း အမျိုးသား၊ အမျိုးသမီးSpring Board ပြိုင်ပွဲများ၊ အကြီးတန်း (က)အဆင့် (ခ)အဆင့်
မြေပြင်ပြိုင်ပွဲနှင့် သွေးသစ်တန်း မြင်းခုန်
ဘားပြိုင်ပွဲများကျင်းပခဲ့ပြီး ဆုရရှိသူများအား နိုင်ငံကျော် တေးသံရှင်နီနီခင်ဇော်နှင့် အလှူရှင်
များက ဆုများချီးမြှင့်ပေးသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ကျန်းမာ
ရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ အမြဲ
တမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး
ချုပ် ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်
နှင့် ဦးအောင်မိုး၊ မြန်မာနိုင်ငံ ဝူရှူးအားကစား
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသစ္စာ၊ ဒုတိယဥက္ကဋ္ဌ ဦးသီဟ
ဇော်နှင့် အမှုဆောင်များ၊ အဖွဲ့ချုပ်အတွင်းရေး
မှူး ဒေါ်ဆွေဆွေသန့်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရ သည်။
ကြေးမုံ

No comments:

Post a Comment