Friday, July 27, 2018

အမေရိကန်-ရုရှား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးပွဲကို ၂ဝ၁၉ ခုနှစ်သို့ ရွှေ့ဆိုင်း

Image may contain: 2 people, people sitting and people standing
ဝါရှင်တန် ဇူလိုင် ၂၆
ယခုနှစ်အတွင်း ကျင်းပရန် စီစဉ် ထားသည့် အမေရိကန်-ရုရှား နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မှသာ ကျင်းပနိုင်ဖွယ်ရှိကြောင်း အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန်က ယနေ့ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂ဝ၁၉ ခုနှစ်သို့ ရွှေ့ဆိုင်းရန် ဇူလိုင် ၂၅ ရက်တွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ဂျွန်ဘော်လ်တန်က ဆိုသည်။
ယခုလအစောပိုင်းတွင် ဟယ်ဆင်ကီ မြို့၌ ခေါင်းဆောင်နှစ်ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမေရိကန်သမ္မတထရန့်က ရုရှား သမ္မတပူတင်အား ဝါရှင်တန်မြို့သို့ အလည်အပတ် လာရောက်ရန် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန်အား ညွှန်ကြားခဲ့ကြောင်း သိရသည်။
အမေရိကန် ရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ဝင်ရောက်စွက်ဖက်မှု ရှိသည်ဟု အမေရိကန်က စွပ်စွဲ ပြောဆို သင်္ကာမကင်းဖြစ်မှုများ ပြေလည်ခြင်းမရှိသေးပေ။ အဆိုပါ နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှု ကို ပြေလည်အောင်ဖြေရှင်းပြီးမှသာ နှစ်နိုင်ငံခေါင်းဆောင် ထိပ်သီးအစည်း အဝေးပွဲကို အောင်မြင်စွာ ကျင်းပ နိုင်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြောကြားခဲ့သည်။
ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တွင်လည်း ရုရှားနိုင်ငံအနေဖြင့် ဝင်ရောက်စွက်ဖက်မည်ကို အမေရိကန် ပြည်သူအများက စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။ ယင်းသို့ စိုးရိမ်ပူပန်ခြင်းသည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက ဆို သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment