Friday, July 27, 2018

မြောက်ကိုရီးယားက အဏုမြူဒြပ်ပစ္စည်းကို ထုတ်လုပ်နေဆဲဟု အမေရိကန်ဝန်ကြီး ပွန်ပေယိုပြောဆို

Image may contain: 2 people, people smiling, people standing and eyeglasses
ဝါရှင်တန် ဇူလိုင် ၂၆
မြောက်ကိုရီးယားနိုင်ငံသည် ယခုထက်တိုင်အောင် အဏုမြူဒြပ်ပစ္စည်း ထုတ်လုပ်နေဆဲဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုက အမတ်များကို ဇူလိုင် ၂၆ ရက်တွင် ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။
မြောက်ကိုရီးယား၏အဏုမြူလက်နက် ခြိမ်းခြောက်မှုမရှိတော့ပြီဟု သမ္မတဒေါ်နယ်ထရန့်က ပြောဆိုခဲ့ပြီးနောက် ရက်သတ္တခြောက်ပတ်အကြာတွင် ဝန်ကြီးပွန်ပေယိုက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် Fissile material(ခေါ်) ကွဲပွားခြင်းဖြင့် အဏုမြူ စွမ်းအင်ထုတ်လုပ်နိုင်စွမ်းရှိသော ဒြပ်ပစ္စည်းကို ထုတ်လုပ်နေဆဲဖြစ်ကြောင်း ဝန်ကြီး ပွန်ပေယိုက အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ရှေ့မှောက်တွင် ပြောကြားသည်။
သမ္မတထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် စင်ကာပူနိုင်ငံ၌ ဇွန် ၁၂ ရက်က တွေ့ဆုံခဲ့ရာတွင် အဏုမြူလက်နက်များအား အပြီးတိုင် သုတ်သင်ရှင်းလင်းပါမည်ဟု ကင်၏ကတိပြုချက်ကို ရရှိခဲ့သည်။
သို့ရာတွင် ကိုရီးယားကျွန်းဆွယ်၌ အဏုမြူလက်နက်ကင်းရှင်းရေးဇုန် ထူထောင်ရေးလုပ်ငန်းစဉ် ရည်မှန်းချက်မှာ သိသာသော တိုးတက်မှုမရှိဟု ဝေဖန်မှုများပေါ်ထွက်ခဲ့သည်။
မိမိတို့သည် စိတ်ရှည်သည်းခံသော သံတမန်ရေးနည်းလမ်းကို ကျင့်သုံး လျက်ရှိသော်လည်း တိကျရေရာသော ဆောင်ရွက်ချက်များကို မတွေ့မြင် ရသေးကြောင်း ဝန်ကြီးပွန်ပေယိုက ပြောကြားသည်။
ခေါင်းဆောင်ကင်သည် စင်ကာပူထိပ်သီးဆွေးနွေးပွဲတွင် ¤င်းကတိ ကဝတ်ပြုခဲ့သည့်အတိုင်း အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း ပွန်ပေယိုက ဆက်လက်ပြောကြားသည်။
အေအက်ဖ်ပီ

No comments:

Post a Comment