Tuesday, July 31, 2018

ကျိုက်ထိုမြို့နယ်တွင် ရေကျသွားပြီဖြစ်၍ ရေဘေးရှောင်စခန်းများ ပိတ်သိမ်း

Image may contain: 9 people, people smiling, people standing and wedding
ကျိုက်ထို ဇူလိုင် ၃ဝ
ကျိုက်ထိုမြို့နယ်တွင် လွန်ခဲ့သည့်ရက်များက မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်ကျေးရွာများ၌ ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့၍ မြို့နယ်သဘာဝဘေးစီမံ ခန့်ခွဲမှုကော်မတီက ရေဘေးရှောင်စခန်းများဖွင့်လှစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့်ပူးပေါင်းကာ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စရပ်များကို ရေကျချိန် အထိ ရေဘေးသင့်ပြည်သူများအား ကူညီစောင့်ရှောက် ပေးခဲ့သည်။
ယင်းသို့ကူညီစောင့်ရှောက်ပေးသည့် စခန်းများသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များက လာရောက် ၍ ထောက်ပံ့ငွေများပေးအပ်ပြီး အားပေးစကား ပြောကြားသည်။
ယနေ့နံနက်ပိုင်းမှ စတင်၍ ရေပြန်လည်ကျဆင်းခဲ့၍ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုအလိုက် တစ်ပတ်စာ စားသုံးနိုင်ရန် ဆန်နှင့်ကြက်ဥများ အပါအဝင် ခေါက်ဆွဲခြောက်များ၊ ရေသန့်ဘူးများနှင့် တခြား စားသောက်ကုန်ပစ္စည်းများကို ပေးအပ်ပြီး ယာယီ ဖွင့်လှစ်ခဲ့သည့် ရေဘေးရှောင်စခန်းများကို မွန်းလွဲ ၁ နာရီတွင် ပိတ်သိမ်းခဲ့သည်။
ဝင်းမောင်(ကျိုက်ထို)

No comments:

Post a Comment