Tuesday, July 31, 2018

ခေတ်လေးခေတ်ဟန်ကို ရေးဆွဲထားသည့် တန်ဖိုးမြင့် ပုလင်းပန်းချီမှာ တစ်မူထူးခြားနေ

Image may contain: 2 people
မန္တလေး ဇူလိုင် ၃ဝ
ရှားပါးပြီး စိတ်ဝင်စားဖွယ်ဖြစ်သည့် ပုလင်း
ပန်းချီရေးဆွဲမှုတွင် ပုလင်းအမြင့် ၁၆ လက်မ လုံးပတ်၂၈ လက်မ အရွယ်အစားရှိ ပုလင်းကြီး
အတွင်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ဆို
သော ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုများ
ဟန်ကို သီးသန့်မှာယူသည့်အတွက် ရေးဆွဲ ပေးလျက်ရှိသည်။
ခေတ်လေးခေတ် ဝတ်စားဆင်ယင်မှုရေးဆွဲ
နိုင်ရန်အတွက် ဦးအေးမြင့် (မြန်မာမှုဒီဇိုင်း
သုတေသီ)၏ စာအုပ်မျက်နှာဖုံးပန်းချီစာအုပ်
ကို လေ့လာကာရေးဆွဲခဲ့ရသည်။ ပုလင်းအရွယ်
အစားကြီးမားကာ ပုလင်းအဝတွင် အထစ် သဖွယ်ဖြစ်နေသည့်အတွက် သာမန်ပုလင်း ပန်းချီရေးဆွဲသည့် စုတ်တံဖြင့် ရေးဆွဲမရဖြစ်
ကာ အခက်အခဲဖြစ်သည့်အတွက် သီးခြား
စုတ်ကို ကိုယ်တိုင်ထိုးကာ ရေးဆွဲခဲ့ရကြောင်း
သိရသည်။
ခေတ်လေးခေတ်တန်ဖိုးမြင့် ပုလင်းပန်းချီ
တစ်လုံးကို ငွေကျပ်သိန်း ၂ဝ ဖြင့် ရောင်းချခဲ့ပြီး ဆက်လက်ရေးဆွဲလျက်ရှိကြောင်း မန္တလေး
မြို့အနီး အမရပူရမြို့ မြေပဲတန်းရပ်ရှိ ပုလင်း
ပန်းချီရေးဆွဲသူ ဦးချစ်မြက ဇူလိုင် ၂၉ ရက်က
ပြောပြသည်။
ရှားပါးပြီး အနုပညာလက်ရာမြောက်သည့်
မှန်ပန်းချီ၊ ပုလင်းပန်းချီ၊ အုန်းခွက်ပန်းချီ၊
ဘူးပန်းချီများကို ရေးဆွဲမှုလုပ်ငန်းမှာ ကင်း
ဘတ်ပေါ်တွင်ရေးဆွဲသည့် ပန်းချီကို အခြေခံ
ကာ မှန်ပန်းချီရေးဆွဲခြင်းလုပ်ငန်းမှ စတင်ခဲ့ပြီး
ပုလင်းပန်းချီမှာ ပုလင်းအတွင်းမှ ရေးဆွဲရ
သည့်အတွက် ခက်ခဲလှသည်။
၂ဝဝ၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ပညာ
ရှင်များက မြန်မာနိုင်ငံမှ ပုလင်းပန်းချီရေးဆွဲသူ
ဦးချစ်မြကို ရှာဖွေပြီး ပုလင်း ပန်းချီ၊ မှန်ပန်းချီ
များကို သုတေသနပြုလုပ်ခဲ့ပြီး လက်ရှိကာလ
အထိ အမေရိကန်တက္ကသိုလ်ပညာရှင်များ မြန်မာနိုင်ငံတက္ကသိုလ် ပညာရှင်များ
ပူးပေါင်းကာ ရှားပါးလက်ရာဖြစ်သည့်
မှန်ပန်းချီနှင့်ပုလင်းပန်းချီ သုတေသနပြုမှု
အတွက် ရေးဆွဲပေးနေရသည်။
နိုင်ငံတကာမှ ပန်းချီ၊ ပန်းပုပညာရှင်များ၊
အဆက်မပြတ် လာရောက်လေ့လာမှုများ ပညာနှီးနှောဖလှယ်မှု ပြုလုပ်သည့်အခါများ
တွင် အခါအားလျော်စွာ ပြပွဲများနှင့် နှီးနှော
ဖလှယ်ပွဲများကို ပြုလုပ်ပေးလျက်ရှိသည်။
လက်ရှိကာလတွင် ပုလင်း၊ မှန်၊ အုန်းခွက်၊ ဘူးခါး
သီးပန်းချီများကို တွင်ကျယ်စွာ ရေးဆွဲလျက်ရှိ ကြောင်း သိရသည်။
နွေနဒီ(မြစ်ငယ်)

No comments:

Post a Comment