Tuesday, July 31, 2018

ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁ဝ ခု ရာနှုန်းပြည့်နီးပါးပြီးစီး

Image may contain: ocean, sky, beach, outdoor, water and nature
မကွေး ဇူလိုင် ၃ဝ
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ
စက်တင်ဘာလထိ ခြောက်လအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၁ဝ ခု အား
တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ်
သန်း ၁၅၅၂ ဒသမ ၉၁ သန်းဖြင့် ဆောင်
ရွက်လျက်ရှိရာ လုပ်ငန်း ရှစ်ခုမှာ ရာနှုန်း
ပြည့်ပြီးစီးသွားပြီဖြစ်ပြီး ကျန်နှစ်ခုမှာ
ဆောင်ရွက်ဆဲဖြစ်ကြောင်း မကွေးတိုင်း
ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်း
များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား
ရေးမှူးထံမှ သိရသည်။
ရေစကြိုမြို့နယ် ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှု၊ ပေါက်မြို့
နယ် သမားတော်ကျေးရွာ ရေပြာချောင်း
တိုက်စားမှု၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ
အုပ်စု ထူးပေါက်-အင်းကုန်းကျေးရွာ
ကမ်းပြိုမှု၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ မန်းချောင်းရေတိုက်စားမှု၊ ပေါက်မြို့နယ်
ချောင်းကူးကျေးရွာကမ်းပြိုမှု၊ ရေနံချောင်း
မြို့နယ် ပင်းဝကျေးရွာ ပင်းချောင်း
ရေတိုက်စားမှု၊ စလင်းမြို့နယ် ဆင်မကွန်း
ကျေးရွာကမ်းပြိုမှု၊ အောင်လံမြို့နယ်
ရွာထောင်ကျေးရွာ အခြေခံပညာမူလတန်း
ကျောင်း ချောင်းရေတိုက်စားမှုစသည့်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ရှစ်ခုမှာ
ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
''ကျန်နေသေးတဲ့ ဆင်ပေါင်ဝဲမြို့နယ်
စည်တိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေး
လုပ်ငန်းက ၉ဝ ရာခိုင်နှုန်းပြီးနေပါပြီ၊ ကံမမြို့နယ်ထဲက ရေနံသာကျေးရွာ မန်း
ချောင်းရေ တိုက်စားမှုလုပ်ငန်းကတော့ ရေတက်နေလို့ ဆောင်ရွက်မှုအပိုင်းက ၇ဝ ရာနှုန်းလောက်ပဲ ပြီးပါသေးတယ်၊ ဆောင်ရွက်နေရတဲ့ လုပ်ငန်း ၁ဝ ခုထဲ
မှာ ကိုးခုက ချောင်းရေတိုက်စားတာ
ကြောင့်ဖြစ်ပြီး တစ်ခုက မြစ်ရေတိုက်စား
မှုကြောင့် ဖြစ်တာကိုတွေ့ရပါတယ်'' ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်
နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်
ကပြောသည်။
ယခု ခြောက်လတာလုပ်ငန်းများပြီးစီး
လျှင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်
တိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေး
လုပ်ငန်း ၁၆ ခု ဆောင်ရွက်နိုင်ရန် တိုင်း
ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားမှု
အား တိုင်းဒေသကြီးလွှတ်တော်မှ
အတည်ပြုထားပြီဖြစ်သည့်အတွက် တိုင်း
ဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်
သုံးဘီလီယံခန့် သုံးစွဲဆောင်ရွက်ရန်ရှိ နေကြောင်း ဦးဇော်လွင်က ဆိုသည်။
ယခုနှစ်မိုးရာသီကာလ မိုးများသော်
လည်း ဆောင်ရွက်ထားပြီး လုပ်ငန်းများမှာ ပျက်စီးမှုမရှိဘဲ ကျေးရွာများကို အကာ
အကွယ်ပေးနိုင်ခဲ့ကြောင်း၊ ကမ်းပြိုကာ
ကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်း
ဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေ
ခြင်းဖြစ်ပြီး ရေလမ်းကြောင်းထိန်းသိမ်း
ရေးလုပ်ငန်းများအတွက် ပြည်ထောင်စု
ဘတ်ဂျက်မှ နှစ်စဉ်ချထားပေးနေကြောင်း သိရသည်။
ဇေယျတု (မကွေး)

No comments:

Post a Comment