Tuesday, July 3, 2018

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ငဝန်ရေကာတာပြုပြင်ပြီးစီးမှုအခြေအနေ ကြည့်ရှုစစ်ဆေး

Image may contain: one or more people, people standing, sky and outdoor
ပုသိမ် ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်း
ချောင်းမြို့ ငဝန်မြစ်ရေသည် ဇူလိုင် ၁ ရက်တွင်
(၂၅ ဒသမ ၃ဝ ပေ) စိုးရိမ်ရေအမှတ်အောက် နှစ်ပေခန့်ရောက်ရှိနေပြီး အဆိုပါနေ့ ညနေပိုင်း
တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်
နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်
ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက်
ငဝန်ရေကာတာပြုပြင်မွမ်းမံပြီးစီးမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပုသိမ်ခရိုင်အတွင်းရှိ ရေကြည်မြို့နယ်နှင့်
သာပေါင်းမြို့နယ်တို့တွင် ငဝန်ရေကာတာစုစု ပေါင်း မိုင်အရှည် ၃၆ မိုင် ၇ ဖာလုံရှိပြီး ယခုနှစ်
မိုးရာသီမတိုင်မီ ရေကာတာပြုပြင်ဆောင်ရွက်
ပြီးစီးမှု အခြေအနေများကို တိုင်းဒေသကြီး
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာန ညွှန်ကြားရေးမှူးဦးဖြိုးမြင့်နှင့် ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့က ရှင်းလင်းပြသခဲ့ပြီး ရေကာတာကြံ့ခိုင်မှု ပိုမို
ကောင်းမွန်စေရေးနှင့် သဘာဝဘေး(ရေဘေး) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ မိုးရာသီ
ကုန်ဆုံးပြီးချိန်တွင် ဆက်လက်ဆောင်ရွက်
သွားမည့် ရေကာတာထိန်းသိမ်းပြုပြင်မှု
လုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးများက ဆွေးနွေးခဲ့ကြသည်။
ယခုနှစ် မိုးရာသီမတိုင်မီပုသိမ်ခရိုင်အတွင်း
ရှိ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်များ
ရှိ ငဝန်ရေကာတာ၌ ဘဏ္ဍာနှစ်အလိုက်ပြုပြင်
ရန် လိုအပ်လျက်ရှိသော စုစုပေါင်းမိုင်အရှည် ၂၉ မိုင် ၇ ဖာလုံ၌ ပြုပြင်ပြီးစီးခဲ့ပြီး နှစ်စဉ်
ပုံမှန်မြစ်ရေကြီးမြင့်မှုများအား ကာကွယ်ပေး
သွားနိုင်မည်ဖြစ်ကြောင်း၊ ရေဘေးကြိုတင်
ကာကွယ်ရေးနှင့် ရေကာတာထိန်းသိမ်းစောင့်
ရှောက်မှုလုပ်ငန်းများကိုလည်း အဆက်မပြတ်
ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment