Tuesday, July 3, 2018

သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းဖွင့်လှစ်

Image may contain: 4 people, indoor
နေပြည်တော် ဇူလိုင် ၂
သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) ဒက္ခိဏသင်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြား သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ဦးစီးအရာရှိ ၃၅ ဦးတို့အား သတင်းစီးဆင်းမှု၊ သတင်းအရင်းအမြစ်များ ရှာဖွေခြင်း၊ သတင်းအခြေခံဖွဲ့စည်း တည်ဆောက်ပုံ၊ သတင်းရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း၊ သတင်း ဖတ်သူ၏ရှုမြင်ပုံ၊ သတင်းစာရှင်းလင်းပွဲကဏ္ဍ၊ Onlineအသုံးပြု၍သတင်းများထုတ်ပြန်ခြင်း၊ သတင်းမီဒီယာ ဥပဒေ၊ စာနယ်ဇင်းကျင့်ဝတ်၊ သတင်းဓာတ်ပုံပညာ စသည့်ဘာသာရပ်များကို ရက်သတ္တ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ် သည်။
အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း သား သင်တန်းသူများတက်ရောက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန် ဖြစ်သည့် သတင်းထုတ်ပြန်ရေးလုပ်ငန်းများကို ပိုမို သွက်လက်မြန်ဆန်ပြီး ပြည်သူများအချိန်နှင့်တစ်ပြေးညီ သတင်းအမှန်များသိရှိနိုင်စေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများအား သတင်းရေးသားထုတ်ပြန်ခြင်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရွှေကုက္ကို

No comments:

Post a Comment