Tuesday, July 3, 2018

ပဲခူးတွင် မျက်စိ ခွဲစိတ်ကုသပေးခြင်းနှင့် မျက်မှန်များတပ်ဆင်ပေး

Image may contain: 13 people, people sitting
ပဲခူး ဇူလိုင် ၂
ပဲခူးမြို့ မျက်ခမ်းစပ်နှင့်မျက်မမြင်ကာကွယ်ရေး
စီမံကိန်းဒေသကြီး (၄)တွင် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် ဝန်ထမ်း များ၊ ကနေဒါနိုင်ငံအခြေစိုက် ဂျင်ဗောဓိ
အလင်းရောင်ပေးခြင်း ပရဟိတအဖွဲ့တို့ပူး ပေါင်းပြီး ဇူလိုင် ၂ ရက် နံနက် ၉ နာရီက မျက်စိခွဲစိတ်ပေးခြင်းနှင့် မျက်မှန်တပ်ဆင် ပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး
ဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊
မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး
စီမံကိန်းဒေသကြီး (၄)၊ မျက်စိအထူးကု
ဆရာဝန်ကြီး ဒေါက်တာကိုဦးက မျက်စိနှင့်
ပတ်သက်သည့် ရှောင်ရန်၊ ဆောင်ရန်များ၊
မျက်စဉ်းဆေး အသုံးပြုပုံများကို မျက်စိ
ဝေဒနာရှင်များ အသိပညာဗဟုသုတရရှိ
စေရန် ရှင်းလင်းပြောကြားပြီး ကနေဒါနိုင်ငံ
အခြေစိုက် ဂျင်ဗောဓိအလင်းရောင်ပေးခြင်း
ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မျက်စိ
ခွဲစိတ်လှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ ရှင်း
လင်းပြောကြားသည်။
ထို့နောက် မျက်စိအထူးကုဆရာဝန်ကြီး
ဒေါက်တာကိုဦးနှင့် ဝန်ထမ်းများ၊ ဂျင်ဗောဓိ ပရဟိအဖွဲ့မှ တာဝန်ရှိသူများက မျက်စိခွဲစိတ်
ပြီး လူနာများအား မျက်စဉ်းဆေးခတ်ပေးခြင်း၊
မျက်မှန်တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးကြ ပြီး ကူညီပံ့ပိုးပေးသည့် ဂျင်ဗောဓိ အလင်း
ရောင်ပေးခြင်း ပရဟိတအဖွဲ့အား ဂုဏ်ပြု
မှတ်တမ်းပေးအပ်ခဲ့သည်။
မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဒေသကြီး (၄) ပဲခူးမြို့မှ ကျန်းမာရေး
ဝန်ထမ်းများနှင့် ကနေဒါနိုင်ငံအခြေစိုက် ဂျင်ဗောဓိ အလင်းရောင်ပေးခြင်း ပရဟိတ
အဖွဲ့တို့ပူးပေါင်းပြီး မျက်လုံးအတွင်းတိမ်ကို
အလင်းပို့ပေးခြင်း အစီအစဉ်အား အကောင်
အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ဇွန်
လအတွင်းက ဖြူးမြို့နယ်အတွင်းရှိ မျက်စိ
ဝေဒနာရှင် ၅ဝ၆ ဦးအား ကွင်းဆင်းစမ်းသပ်
စစ်ဆေးပေးခြင်းများ ပြုလုပ်ခဲ့ပြီး အဆိုပါ
ဝေဒနာရှင်များထဲမှ ခွဲစိတ်ရန်လိုအပ်သော
မျက်စိဝေဒနာရှင် ၁၅၉ ဦးအား ခွဲစိတ်
ကုသမှုပြုလုပ်ပေးခြင်း၊ မျက်မှန်တပ်ဆင်ရန်
လိုအပ်သော လူနာ ၁၂၈ ဦးအား မျက်မှန်များ
တပ်ဆင်ပေးအပ်ခြင်းတို့ ပြုလုပ်ခြင်းဖြစ် ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment