Tuesday, July 3, 2018

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းများ၏သားသမီးများအား ပညာရည်ချွန်ဆုချီးမြှင့်

Image may contain: 6 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ၏ ၂ဝ၁၇-၂ဝ၁၈ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သုံးဘာသာနှင့်အထက် ဂုဏ်ထူးရရှိသူ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက နေပြည်တော်ရုံးအမှတ်(၁၅)တွင် ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များက ဂုဏ်ပြုဆုများ ပေးအပ်ကြရာ ခြောက်ဘာသာဂုဏ်ထူးရှင် ၁၇ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၆၃ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၅၃ ဦးတို့က အသီးသီး ဆုလက်ခံရယူကြသည်။
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းသားသမီးများမှ သုံးဘာသာနှင့်အထက် ဂုဏ်ထူး ရရှိသူ ထူးချွန်ကျောင်းသား ကျောင်းသူ ၁၇၂ ဦး ပေါ်ထွက် ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment