Tuesday, July 3, 2018

ပြည်ထောင်စုလွှတ်တော်သို့ လာရောက်လေ့လာ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ မန္တလေးဟိုတယ်နှင့် သက်မွေး ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၁၂၉ ဦးတို့သည် ယနေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်လေ့လာခဲ့ကြသည်။
အဆိုပါ လေ့လာရေးအဖွဲ့အား ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ပြီး လွှတ်တော်အစည်းအဝေး ခန်းမကြီးအတွင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြား၍ လွှတ်တော်အဆောက်အအုံများကို လိုက်လံရှင်းလင်းပြသ ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment