Tuesday, July 3, 2018

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် (၄၇) ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ အစည်းအဝေးတက်ရောက်

Image may contain: 6 people, people standing
နေပြည်တော် ဇူလိုင် ၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် ကျင်းပ သည့် (၄၇) ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ အေစီယူအဖွဲ့ဝင်နိုင်ငံများ၏ လက်ရှိစီးပွားရေးတိုးတက်မှုနှင့် အလားအလာများ၊ ၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း အေစီယူ၏ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အေစီယူစနစ်အတွင်း ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုစနစ်များ ပိုမိုတိုးတက် လာစေရေး၊ Cybersecurity အရေးကြီးမှုနှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အေစီယူပိုမို ကျယ်ပြန့်ပြီး အားကောင်းခိုင်မာလာစေရန် ဆောင်ရွက်မှု များနှင့်ပတ်သက်၍ တက်ရောက်လာသော အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇွန် ၃ဝ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment